NCA ပါ အခြေခံမူ (၃) ရပ်ကို ကိုင်စွဲကာ ပြည်သူလူထု အကျပ်အတည်းက လွတ်မြောက်ရေးကြိုးပမ်းနေဟု PPST အဖွဲ့ပြော

0
159

NCA ပါ အခြေခံမူများဖြစ်သည့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး ၊ အရပ်သားများ အကာအကွယ်ပေးရေး မူတို့ကို ကိုင်စွဲကာ လက်ရှိ ပြည်သူလူထု ကြုံတွေ့နေရသည့် အကျပ်အတ ည်းများ လွတ်မြောက်နိုင်ရေးအတွက် ကြိုးပမ်းနေကြော င်း PPST အဖွဲ့က ပြောကြားသည်။

NCA လက်မှတ်ရေးထိုးခြင်း (၇) နှစ်ပြည့် နှင့် ပတ်သက် ၍ ထုတ်ပြန်လာသည့် PPST အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။အဆိုပါထုတ်ပြန်ချက်တွင် PPST အဖွဲ့အနေဖြင့် NCA ၏ မူလပြဌာန်းချက်များကို အပြည့်အဝ အကောင်အထည်မဖော်နိုင်တော့ကြောင်းလည်း ဆိုထားသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း မြ န်မာနိုင်ငံတွင် မတည်ငြိမ်မှုများ၊ ပဋိပက္ခများ ၊ လက်နက် ကိုင်ပဋိပက္ခများ ၊ တစ်နေ့ထက် တစ်နေ့ ကြီးထွားလာပြီး ပြည်သူများအနေဖြင့် အကျပ်အတည်းမျိုးစုံနှင့် ရင် ဆိုင်နေရကြောင်းလည်း PPST အဖွဲ့က ထောက်ပြထားသည်။

NCA သည် ပြည်တွင်းစစ်ကို ဦးတည်နေသည့် လက်ရှိ ပဋိပက္ခများကို ရပ်စဲသွားစေရေးနှင့် ပြည်တွင်း ငြိမ်း ချမ်းရေးကို ပြန်လည်အစပျိုးပေးနိုင်မည့် လမ်းစဖြစ် သည်ဟု ယုံကြည်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြသည်။PPST အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် လ က်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် NCA ဆက်လက်အကောင်ထည်ဖော်ရေး ဖွဲ့စည်းထားသည့် အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here