မြန်မာနိုင်ငံ၌ မကြာမီအချိန်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား Mobile ဖုန်းမှတဆင့်အချိန်နှင့်တစ်ပြေးညီသိရှိနိုင်တော့မည်

0
225

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား အောက်တိုဘာ ၁၃ ရက်က နေပြည်တော်၌ကျင်းပရာ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်ဖြစ်ပွားနိုင်ခြေ၊ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့် မားတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးစနစ်တွေ အားကောင်းဖို့အထူးလိုအပ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

အဓိကအားဖြင့် သဘာဝဘေးဖြစ်ပွားရာတွင် ပ ထမဆုံးရင်ဆိုင်တုံ့ပြန်မှုပြုရသည့် ဒေသခံလူထုအဆင့်ထိ ရောက်ရှိနိုင်မည့် လူထုဗဟိုပြုကြိုတင်သတိပေးစနစ်များတည်ဆောက်၍ ခိုင်မာအား ကောင်းစေရန်ဆောင်ရွက်နိုင်မှသာ ဘေးအန္တ ရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းမည်ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင် ရာ သတင်းအချက်အလက်များကြိုတင်ခန့်မှန်းခြင်း၊အသိပေးထုတ်ပြန်ခြင်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မ တီလမ်းညွှန်မှုအောက်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အဓိကတာဝန်ယူ၍ သက်ဆိုင်ရာနယ်မြေဒေသအရောက် ဖြန့်ဝေခြင်းအား အုပ်ချုပ်မှုဆိုင်ရာလမ်းကြောင်းများမှ အ ဆင့်ဆင့်ပေးပို့ခြင်း၊နိုင်ငံပိုင်မီဒီယာများမှတဆင့် အများပြည်သူအား အသိပေးခြင်းနည်းလမ်းများဖြင့် ဆောင်ရွက်နေသည်ဟု ပြောသည်။

“သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ကြိုတင်သတိပေးချက်တွေ သဘာဝဘေးအန္တရာယ်ဆိုင် ရာ ဆောင်ရန်-ရှောင်ရန်တွေ ဘေးအန္တရာယ်ဆိုင် ရာအသိပညာပေးမှုတွေကို Mobile ဖုန်းကတဆင့်ပြည်သူတွေဆီအချိန်နဲ့တစ်ပြေးညီရောက်ရှိနိုင်ဖို့ Myanmar Disaster Alert(MDA) Mobile Application ကို ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ် မကြာမီအချိန်အတွင်းမှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တာတွေကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်တော့မှာဖြစ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ ချရေးလုပ်ငန်းများ၏ အခြေခံအုတ်မြစ်သည် ကြိုတင်ပြင်ဆင်ခြင်း၊ကြိုတင်ဆောင်ရွက်ခြင်းဖြစ်၍ ကြိုတင်သတိပေးချက်များအား အချိန်နှင့်တစ်ပြေးညီရရှိမှသာ ဘေးကျရောက်နိုင်သည့် ဒေ သနေလူထုအနေဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီအလိုက်၊မိသားစုအလိုက်လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ၊ပြောင်းရွှေ့မှုများဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ပြောသည်။

ထို့ပြင် စီမံခန့်ခွဲဆောင်ရွက်ပေးရမည့် တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည့်စီမံမှုများကိုစနစ်တကျဖြင့် ထိရောက်စွာဆောင်ရွက်နိုင်၍ ထိ ခိုက်ဆုံးရှုံးနိုင်ခြေလျော့နည်းသက်သာမည်ဟု ပြောသည်။

“သဘာဝဘေးအန္တရာယ်တွေဟာ အဓိက ကမ္ဘာကြီးပူနွေးလာမှု၊ရာသီဥတုပြောင်းလဲမှုတွေနဲ့ အ များဆုံးဆက်စပ်ဖြစ်ပွားတာကြောင့် အဲဒီကိစ္စတွေကို မပြတ်လေ့လာပြီး မိမိတို့နိုင်ငံအပေါ် သက်ရောက်နိုင်ခြေ မိမိတို့ရဲ့အရင်းအမြစ်တွေပေါ်မူတည်ပြီး လိုအပ်တဲ့စီမံဆောင်ရွက်မှုတွေကိုလုပ်ဆောင်ကြရမှာဖြစ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here