ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအား မနက် ဖြန်မှစ၍ လေအိတ်တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးသွားမည်

0
569

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း၏ အမှတ် ၈၉ အဆန်၊အမှတ် ၉၀ အစုန် အမြန်ရထားအား အောက်တိုဘာ ၁၅ ရက်(မနက်ဖြန်)မှစ၍ လေအိတ်တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြေးဆွဲရာ၌ ရန်ကုန်-မော်လမြိုင် အမှတ် ၈၉ အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီခွဲတွင်ထွက်ခွာမည်ဖြစ်ကာ မော်လမြိုင်-ရန်ကုန် အမှတ် ၉၀ အစုန်ရထားသည် မော်လမြိုင်ဘူတာကြီးမှ နံနက် ၈ နာရီအချိန်တွင် ထွက်ခွာမည်ဖြစ် သည်။

လက်မှတ်များအား မော်လမြိုင်ဘူတာကြီးတွင် နံနက် ၇ နာရီခွဲမှစတင်၍ ရိုးရိုးတန်း ၁ ရက်ကြို၊ အထက်တန်း ၃ ရက်ကြိုစနစ်ဖြင့် ရက်ကြိုလက်မှတ်ရုံ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လက်မှတ်များရောင်းချရာ၌ မှတ်ပုံတင်ပြသ၍ ဝယ်ယူရမည်ဖြစ်ကာ ထောက်ခံစာများပြသဝယ် ယူ၍ မရကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ အမှတ် ၃ အဆန်၊အမှတ် ၄ အစုန် အမြန်ရထားများအား လေအိတ်တွဲဆိုင်းအသစ်များဖြင့် အစားထိုးပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here