တုကီယေးသည် လုပ်ကြံသတင်းများ ဖြန့်ပါက ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ်ကို အတည်ပြု

0
154

အန်ကာရာ၊ အောက်တိုဘာ ၁၄

သတင်းထောက်များနှင့် ဆိုရှယ်မီဒီယာ အသုံးပြုသူများသည် သတင်းအမှားများ ဖြန့်ဝေလျှင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည့် တင်းမာသော ရွေးကောက်ပွဲအကြိုဥပဒေကို အောက်တိုဘာ ၁၃ ရက် ကြာသပတေးနေ့တွင် တုကီယေး ပါလီမန်က အတည်ပြုခဲ့သည်။

အဆိုပါ စည်းမျဉ်း ဥပဒေသစ်များသည် အထွေထွေရွေးကောက်ပွဲမတိုင်မီ ရှစ်လအလို၌ မဲဆန္ဒနယ်တွင် လူကြိုက်နည်းနေသော သမ္မတ တိုင်ရစ် အဲဒိုဝန်အစိုးရ၏ မီဒီယာများအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားရာတွင် ပိုမိုအားကောင်းစေခဲ့သည်။

သီးခြားမဲပေးရန် လိုအပ်သည့် ပြင်ဆင်ချက် ၄၀ ပါရှိသော အဆိုပါ ဥပဒေအား အာဒိုဂန်၏ အေကေပီ ပါတီက အဆိုပြုခဲ့ပြီး တုကီယေး၏ အဓိက အတိုက်အခံအုပ်စုများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

 စီအိတ်ချ်ပီ ပါတီမှ အမတ်တစ်ဦးက  ပါလီမန်အတွင်း ၎င်း၏ လက်ကိုင်ဖုန်းကို တူဖြင့် ထုခွဲခဲ့ကာ ထိုဥပဒေကြောင့် အထူးသဖြင့် လူငယ်များ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးရကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ဥပဒေအသစ်သည် သတင်းမှားများ သို့မဟုတ် အထင်မြင်မှားစေသော အချက်အလက်များ ဖြန့်ခြင်းအတွက် အပြစ်ရှိကြောင်း တွေ့ရှိသူများကို ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်သွားမည် ဖြစ်သည်။ ထိုဥပဒေအရ ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ ချမှတ်နိုင်စေမည်ဖြစ်သည်။

ထို့အပြင် အစိုးရသည် တိကျပြီး မှန်ကန်သည်ဟု ထင်ရသော အချက်အလက်များ ဝင်သည့် သတင်းမှားများကို ဖွင့်ချရန် ရည်ရွယ်သည့်အနေဖြင့် အပတ်စဉ် လုပ်ကြံသတင်း တိုက်ဖျက်ရေး သတင်းစာစောင်ကိုလည်း စတင်ထုတ်ဝေခဲ့သည်။

“ဒီဥပဒေက အမှန်တရားကို စစ်ကြေညာလိုက်တာပါ” ဟု ကာ့ဒ်လိုလားသော အတိုက်အခံ အိတ်ချ်ဒီပီ ပါတီအမတ် Meral Danis Bektas က ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here