တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသည့် အ ပူပိုင်းမုန်တိုင်း”စွန်းကာ”အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းနိုင်

0
323

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း”စွန်းကာ”အရှိန်ကြောင့် ရန် ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုး သည်းထန်စွာရွာသွန်းနိုင်သည်ဟု အောက်တိုဘာ ၁၄ ရက်(ယနေ့)ညနေ ၄ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။

အပူပိုင်းမုန်တိုင်း”စွန်းကာ”အရှိန်ကြောင့် မနက် ဖြန် နံနက်ပိုင်းအထိ ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့်ကယား ပြည်နယ်တို့တွင် နေရာစိပ်စိပ် နေပြည်တော်၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကရင်ပြည် နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုး သည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

ဧရာဝတီတိုင်းတွင် နေရာကျဲကျဲနှင့်ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကခန့်မှန်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ရွာသွန်းရာ၌ နေပြည်တော်၊မန္တလေးတိုင်း၊တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင် သည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် အပူပိုင်းမုန်တိုင်း“စွန်းကာ”သည် အောက် တိုဘာ ၁၅ ရက်(မနက်ဖြန်)နံနက်ပိုင်း၌ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု မိုးဇလကခန်မှန်းထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here