ရုရှားသမ္မတသည် ကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမည့်ကာတာနိုင်ငံအား အောင်မြင်ပါစေကြောင်းဆုတောင်းပေးခဲ့

0
198

ရုရှားသမ္မတဗလာဒီမာပူတင်သည် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ကာတာနိုင်ငံအနေဖြင့်အောင်မြင်မှုရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး ၂၀၁၈ ခုနှစ်ကအိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ရုရှားအနေဖြင့် ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်၍ အတွေ့အကြုံများကိုမျှဝေပေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ရုရှားသည် ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်လ်သို့တက်ရောက်ခဲ့သော်လည်း ယခုနှစ်အစောပိုင်းက ယူကရိန်းသို့ကျူးကျော်မှုကြောင့် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ပါဝင်ခွင့်ပိတ်ပင်ခံခဲ့ရသည်။

သမ္မတပူတင်သည် အောက်တိုဘာ ၁၃ ရက် ကြာသပတေးနေ့ကလည်း ကာဇက်စတန်၌ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးပြင်ပ၌ ကာတာစော်ဘွား ရှိခ် တမင်ဘင်ဟာမဒ်အယ်လ်တာနီ နှင့်လည်းတွေ့ဆုံခဲ့သည်။

“ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေကို မျှဝေရာမှာ ကျွန်တော်တို့တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်” ဟု သမ္မတပူတင်ကပြောကြားခဲ့သည်။ “ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်၊အောင်မြင်မယ်လို့လဲကျွန်တော်ပြောရဲပါတယ်” ဟု သမ္မတကထပ်မံပြောကြားခဲ့သည်။ကာတာသည် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ပထမဆုံးအရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။

“၂၀၁၈ ကမ္ဘာ့ဖလားမှာ ရုရှားရရှိခဲ့တဲ့အောင်မြင်မှုက ကျွန်တော်တို့လက်ခံကျင်းပမဲ့ ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရာမှာကြီးမားတဲ့အထောက်အကူတစ်ခုပါပဲ” ဟု ကာတာစော်ဘွား ရှိခ်တမင် ကပြောကြားခဲ့ပြီး “လာမယ့်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here