ရေမွှေး ဒေါ်လာ ၂သန်းဖိုးကို ၂၄နာရီအတွင်း အီလွန်မတ်စ်ရောင်းချနိုင်ခဲ့

0
329

ဘီလျံနာ အီလွန်မတ်စ်သည် Burnt Hair ဟု အမည်ပေးထားသော ရေမွှေးအသစ်တစ်ခုကို ၂၄နာရီအတွင်း အမေရိကန် ဒေါ်လာ ၂သန်းဖိုးခန့်ရောင်းချနိုင်ခဲ့သည်။ ယင်းရေမွှေး ပုလင်း ၂သောင်းကို အီလွန်မတ်စ်က ယခုသီတင်းပတ် အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အတွင်းတွင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သူကဆိုသည်။

ထို့ကြောင့် သူ့ကိုယ်သူ ရေမွှေးအရောင်းသမားတစ်ဦးအဖြစ် ဂုဏ်ယူကာ တွစ်တာတွင် ရေးသားခဲ့သေးသည်။ ထို့အပြင် သူ၏  တွစ်တာ ပရိုဖိုင်းတွင်လည်း ရေမွှေးအရောင်းသမားဟူ၍ ပြောင်းလဲရေးသားလိုက်သေးသည်။

ယင်း Brunt Hair ရေမွှေးသည် အီလွန်မတ်စ်၏ အထူးပြုလုပ်ထားသော ထုတ်ကုန်သစ် တစ်ခုဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် ပထမဆုံး ၃လပတ်အတွင်းဝယ် တစ်ပုလင်းလျှင် ဒေါ်လာ ၁၀၀ ခန့်ဖြင့် အများအပြားရောင်းချရန် စီစဉ်ထားသည်။

လက်ရှိတွင် တွစ်တာကုမ္ပဏီနှင့် အမှုရင်ဆိုင်နေရသော အီလွန်မတ်က “Please buy my perfume, so I can buy Twitter.”ဟူ၍ လည်း သူ၏ တွစ်တာအကောင့်တွင်ရေးသားထားသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here