ရခိုင့်ဦးဆောင်ပါတီ အ‌ကြံပေးကောင်စီဝင် ဦးကျော်လွင် ဖမ်းဆီးခံရမှု ဖမ်းထားသည့်အဖွဲ့အနေဖြင့် တရားဝင်ထုတ်ပြောသင့်ကြောင်း ဒေါက်တာအေးမောင်ပြော

0
223

ရခိုင့်ဦးဆောင်ပါတီ အ‌ကြံပေးကောင်စီဝင် ဦးကျော်လွင် အား ဖမ်းဆီးထားသည့် အဖွဲ့အနေဖြင့် မည်သည့်အတွက် ဖမ်းဆီးသည်ကို တရားဝင် ထုတ်ပြန်အသိပေးသင့်ကြော င်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင့် ဦးဆောင်ပါတီ၏ ဒုတိယ ဥက္ကဋ္ဌဟောင်းလည်းဖြစ် ဗဟိုအကြံပေးကောင်စီဝင် တစ်ဦးလည်း ဖြစ်သည့် ဦးကျော်လွင်အား ပြီးခဲ့သည့် အောက်တိုဘာ (၄) ရက်နေ့က ဖမ်းဆီးသွားကြခြင်းဖြစ်ပြီး ယနေ့ အချိန်ထိမည်သည့်အဖွဲ့အစည်းမှ ဖမ်းဆီးသွားသည်ကို မသိရှိရသေးကြောင်း သိရသည်။

” မဖြစ်စေချင်ဘူးဗျ။ နိုင်ငံသား တစ်ဦး ၊ တိုင်းရင်းသားတစ်ဦးပေါ့ ၊ ဒေသခံတစ်ဦးပေါ့၊ အရပ်သား တစ်ဦးပေါ့ ။ ခေါ်သွားတယ်ဆိုလည်း ခေါ်သွားတဲ့အဖွဲ့အစည်းက သံ သယရှိလို့ ခေါ်သွားတယ် ၊ စစ်တယ်ဆေးတယ်ဆိုလည်း ဘာကြောင့် ခေါ်သွားတယ် ။ ဘယ်မှာ ရှိပါတယ်ပေါ့။ စစ်တယ်ဆေးတယ်၊ ဥပဒေ ချိုးဖောက်တယ်ဆိုရင်လည်း ဘ ယ်ဥပဒေ ဘယ်ပုဒ်မကို ချိုးဖောက်လို့ တို့တွေထိန်း သိမ်း ထားရပါတယ်။ အဲဒိုလိုမျိုးပြောမှ ပြန်လည် ခုခံချေပနိုင်မယ်။ ပြန်ရှင်းပြရမယ့် တာဝန်က သံသယကြောင့် ဖမ်း ဆီးခံရတဲ့ ပုဂ္ဂိုလ်တိုင်းမှာ ရှိပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဦးကျော်လွင်နှင့်အတူ ဖမ်းဆီးခံရသည့် ဗဟိုအကြံပေးကောင်စီဝင် ဦးမောင်ကောင်းမှာ ဖမ်းဆီးခံရပြီး (၂) ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ဦးကျော်လွင်မှာ (၁၀) ရက်ကြာသည်အထိ သတင်းအစအနပင်မရသေးကြောင်း သိရသည်။

ဦးကျော်လွင်သည် မောင်တောမြို့နယ် ပညာရေးမှူး ဓား ထိုး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်း၏ သဘောထားကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည့်အပေါ် ရခိုင်လူ ထုက အမျက်ဒေါသထွက်ခြင်း ခံခဲ့ရပြီး ရက်အနည်းငယ်အတွင်း ယခုလို ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒါနဲ့ ပတ်သက်လို့ ဦးကျော်လွင်က သူ့သဘောထားလေး Facebook မှာ ရေးမိတာတော့ ရှိတယ်ဗျ။ ဒီလ လ ဆန်းပိုင်းလေးမှာ ၊ အဲဒါကို တချို့က မကြိုက်ကြဘူး။ တချို့က ဝေဖန်ကြတာပေါ့လေ။ ဦးကျော်လွင် သုံးသပ်တာက အကြမ်းမဖက်စေချင်ဘူး။ အကြမ်းဖက်မှုနဲ့ ဘာကိုမှ တည်ဆောက်လို့မရဘူး ။ မောင်တော ဘူးသီးတောင်ဆိုတာက ဆတ်ဆတ်ထိ မခံဘူးဗျ၊ ဘာသာရေး လူမျိုး ရေးနဲ့ ပတ်သက်လို့လေ ။ အဲဒီအပေါ်မှာ တချို့မကျေနပ်ဘူး။ ပေါက်ကွဲတယ်တော့ ဖြစ်သွားတယ်ဗျ။ အဲဒီနောက်မှာ (၄) ရက်နေ့မှာ ကျောက်ဖြူက သူ့ရဲ့ ခြံမှာ အဖမ်းခံရတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ULA/AA မှ ဖမ်းဆီးသည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် သတင်းများ ထွက်ပေါ်နေသော်လည်း AA ဘက်မှ ယနေ့အချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် ၎င်းတို့အနေဖြင့် တိတိကျကျ နာမည်တပ်၍ မပြောနိုင်သေးကြောင်းလည်း ဆိုသည်။

ရခိုင့်ဦးဆောင်ပါတီအနေဖြင့် တပ်မတော်အပါအဝင် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများဘက်သို့ ဆက်သွယ် စုံစမ်းခဲ့သော်လည်း ဦးကျော်လွင်အား ၎င်းတို့ ဖမ်းဆီးထားခြင်း မဟုတ်ကြောင်း အကြောင်း ပြန်ခဲ့သည်ဟုလည်း သိရသည်။

ဦးကျော်လွင် ဖမ်းဆီး ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင့် ဦးဆောင်ပါတီအနေဖြင့်လည်း ယနေ့ အောက်တို ဘာ (၁၄) ရက်တွင် ကြေညာချက် တစ်ဆောင် ထုတ်ပြန်ထားပြီး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here