ဗင်နီဇွဲလားမြေပြိုမှုကြောင့် သေဆုံးသူ ၅၀ ဦးအထိ ရှိလာ

0
171

ဗင်နီဇွဲလား၊ အောက်တိုဘာ ၁၄

ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်အနီးရှိ မြို့တစ်မြို့တွင် ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးသူဦးရေမှာ ၅၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက် ကြာဿပတေးနေ့တွင် ပြောကြားခဲ့သည်။

“အခုလက်ရှိအထိတော့ ကံမကောင်းစွာနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ လူအယောက် ၅၀ပဲ ရှိပါ‌ေသးတယ်၊ သူတို့ရဲ့ အလောင်းတွေကိုလည်း ဆွေမျိုးတွေဆီကို လွှဲပြောင်းပေးလိုက်ပါပြီ” ဟု ပြည်ထဲရေးဝန်ကြီး ယဲ့မီဟီရို စီဘတ်ရှ်လို က ဒေသဆိုင်ရာ ရုပ်မြင်သံကြားလိုင်းသို့ ပြောကြားခဲ့သည်။ ယခင်က ထုတ်ပြန်ထားသော သေဆုံးသူဦးရေမှာ ၄၃ ဦးဖြစ်သည်။

ပြီးခဲ့အပတ် စနေနေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကာရာကတ်အနီးရှိ လူပေါင်း ငါးသောင်းခန့် နေထိုင်သော Las Tejerias မြို့တွင် အဓိကမြစ်ကြီးတစ်စင်းနှင့် စမ်းချောင်းများစွာ ရေလျှံသွားခဲ့သည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် ပြင်းထန်းသော ရွှံ့ရေစီးကြောင်းကို ဖြစ်ပေါ်လာစေပြီး ကားများ၊ နေအိမ်အပိုင်းအစ၊ ဆိုင်များ၊ တယ်လီဖုန်းကြိုးများ မျောပါသွားကာ သစ်ပင်ကြီးများလည်း ပြိုကျခဲ့သည်။

မြို့တွင်း ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများတွင် အကူအညီပေးရန်အတွက် လူပေါင်း သုံးထောင့်နှစ်ရာခန့် စေလွှတ်ထားကြောင်း စီဘတ်ရှ်လို က ပြောကြားခဲ့သည်။

ဘေးကျပ်နံကျပ်ကာလနှင့် ရင်ဆိုင်နေရသည့် ဗင်နီဇွဲလားသည် ရာသီအလိုက် မုန်တိုင်းများနှင့် မစိမ်းသော်လည်း မကြာသေးမီ လများအတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးစေခဲ့သည့် သမိုင်းဝင်မိုးရွာသွန်းမှုပြီးနောက် ယခုဖြစ်ရပ်မှာ ယခုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့သည်။

ဗန်ဒီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုက မြေပြိုမှု‌ ကြောင့်ပျက်စီးသွားသော အိမ်တိုင်းနှင့် လုပ်ငန်းအားလုံးကို ပြန်လည်တည်ဆောက်ပေးမည်ဟု ကတိပြုခဲ့သည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here