အမေရိက၌ ကိုဗစ်ကပ်ရောဂါအား ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သက်တမ်းတိုးမြှင့်ကြေငြာ

0
172

ဝါရှင်တန်၊အောက်တိုဘာ ၁၄

အမေရိကန်ပြည်ထောင်စုသည် အောက်တိုဘာ ၁၃ ရက် ကြာသပတေးနေ့တွင် ကိုဗစ်ကူးစက်ရောဂါ၏အခြေအနေကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် နောက်ထပ်ရက်ပေါင်း ၉၀ သက်တမ်းတိုးခဲ့ပြီး ဆေးရုံများတွင် ရန်ပုံငွေအများအပြားထောက်ပံ့မှုနှင့် နွမ်းပါးသူများအတွက် ဆေးဝါးအကူအညီပေးမှုစီမံကိန်း များကိုလည်းဆက်လက်လုပ်ဆောင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့အရေးပေါ်အခြေအနေကြေငြာချက်အား ကျန်းမာရေးဝန်ကြီး ဇာဗီးယေး ဘက်ကာရာ က ကြာသပတေးနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်လကလည်း သမ္မတဘိုင်ဒင်သည် ကိုဗစ်ကပ်ရောဂါပြီးဆုံးသွားပါပြီဟု ပြောကြားခဲ့သဖြင့် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ၏ ဝေဖန်မှုကိုခံခဲ့ရသည်။

တိုးမြှင့်စောင့်ရှောက်မှု၊ဆေးဝါးများနှင့် ကာကွယ်ဆေးများပိုမိုကျယ်ပြန့်စွာရရှိလာသောကြောင့် အမေရိက၌ ကန်နိုင်ငံသားသေဆုံးမှု တစ်ရက်လျှင် ၃,၀၀၀ ကျော်ရှိနေချိန် သမ္မတဘိုင်ဒင်အစိုးရ၏ အစောပိုင်းသက်တမ်းကာလကတည်းက ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူဦးရေသည် သိသိသာသာကျဆင်းသွားခဲ့သည်။

သို့သော်အမေရိကန်ပြည်ထောင်စုတွင် တစ်ရက်လျှင် လူရာပေါင်းများစွာကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနေရဆဲဖြစ်ကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုဌာနက ပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်သည် ဖြစ်နိုင်ချေရှိသော ကူးစက်မှုများမြင့်တက်လာခြင်းအတွက် ပြင်ဆင်ရန် ရန်ပုံငွေ ကန်ဒေါ်လာ ၂၂ ဒသမ ၄ ဘီလီယံထပ်မံတောင်းခံထားကြောင်းလည်း သိရှိရသည်။သမ္မတဟောင်းဒေါ်နယ်ထရမ့်သည်လည်း ၂၀၂၀ ခုနှစ်တွင် ကပ်ရောဂါအား နိုင်ငံတော်အရေးပေါ်အခြေနေကြေငြာခဲ့ပြီး ဖက်ဒရယ်အကူအညီအနေဖြင့် ကန်ဒေါ်လာ ၅၀ ဘီလီယံအား အခမဲ့ပေးရန်လည်းကြေငြာခဲ့သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here