နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NMSP တို့ ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောတူညီချက်များကို အတည် ပြုလက်မှတ်ရေးထိုး

0
251

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အောက်တို ဘာ ၁၄ ရက်နံနက်ပိုင်းက တတိယနေ့အဖြစ် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ထပ်မံဖြည့်ဆည်းပေးရန် လို အပ်ချက်များနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအ ရ နှစ်ဖက်သဘောတူညီချက်များအား အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်း တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်တို့တက်ရောက်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်အတူ တွဲဖက်အတွင်းရေးမှူးနိုင်ဝင်းလှ၊ဗဟိုအ လုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်တို့ လည်းတက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here