တရုတ်-မြန်မာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးတိုးမြှင့်သွားမည်

0
252

ရင်းနှီးမြှုပ်နှံမှုနှငိ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စတာချန်းဟိုင်အား အောက်တိုဘာ ၁၄ ရက်က နေပြည်တော်၌ လက်ခံတွေ့ဆုံစဥ်ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှပေးအပ်သည့် အကူအညီများဖြင့် ဆောင်ရွက်မည့် လူမှုစီးပွားရေးအစီအစဉ်များ၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးတိုးမြှင့်မှုဆိုင်ရာတို့အား ပြည်ထောင်စုဝန်ကြီးကဆွေးနွေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံသံအမတ်ကြီးကလည်း မြန်မာနိုင်ငံ ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံအစိုးရအနေဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကာ ရှေ့ဆက်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်သက်ဆိုင်ရာဌာနအရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here