တီးတိန်တွင် ခရီးသည်တင်ကားလက်လုပ်မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခံရပြီး ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

0
329

ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊သိုင်းငင်းကျေးရွာတွင် အောက်တိုဘာ ၁၄ ရက်နေ့လည်ပိုင်းက ခရီး သည်တင်ကားအား လက်နက်ကိုင်အဖွဲ့ဝင်များမှ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့နေ့လည် ၃ နာရီခန့်က တီးတိန်မြို့မှစစ် ကိုင်းတိုင်း၊ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီး သည်တင်ကားအား တီးတိန်မြို့နယ်၊သိုင်းငင်းကျေးရွာ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် လက် နက်ကိုင်အဖွဲ့ဝင်များက လက်လုပ်မိုင်း ၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အ သက် ၁၃ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၂ ဦး၊အမျိုးသမီး ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ ကားလေကာမှန်များ လည်းပျက်စီးခဲ့ကြောင်း သိရသည်။

ဒဏ်ရာများရရှိသူများအား လုံခြုံရေးအဖွဲ့ဝင်များက ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများပြုလုပ်ခြင်း၊ လိုက်လံရှာဖွေခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here