BTS သည် ကမ္ဘာ့ကုန်စည်ပြပွဲကို တောင်ကိုရီးယားတွင် လက်ခံကျင်းပနိုင်ရန် အခမဲ့ ဖျော်ဖြေပွဲ ကျင်းပ၍ ကူညီသွားမည်

0
344

ကေပေါ့ ယောကျ်ားလေး တေးဂီတအဖွဲ့ BTS သည် တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် ဘူဆန်တွင် ဖျော်ဖြေပွဲတစ်ခု ပြုလုပ်သွားရန်အတွက် အောက်တိုဘာလ ၁၅ ရက် စနေနေ့တွင် ပြန်လည်ဆုံစည်းသွားမည် ဖြစ်သည်။

ဘူဆန်မြို့ခံများနှင့် တောင်ကိုရီးယားအစိုးရတို့က ထိုဖျော်ဖြေပွဲမှာ ၂၀၃၀ ပြည့်နှစ်တွင် ကျင်းပမည့် ကမ္ဘာ့ကုန်စည်ပြပွဲအား ၎င်းတို့၏ နိုင်ငံ၌ လက်ခံ ကျင်းပနိုင်ရန်အတွက် ကမ်းလှမ်းထားရာတွင် အောင်မြင်အောင် ကူညီပေးလိမ့်ဟု မျှော်လင့်ထားကြောင်း သိရသည်။

အဆိုပါ အခမဲ့ဖျော်ဖြေပွဲအား ကိုရီးယားဒေသစံတော်ချိန် ညနေ ၆ နာရီ (မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ) တွင် ဘူဆန်မြို့ရှိ အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ် တစ်သိန်း နီးပါး လာရောက်ပါဝင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဘူဆန်မြို့တော်က ပြောကြားထားသည်။

ထိုဖျော်ဖြေပွဲမှာ အဖွဲ့ဝင်ခုနှစ်ယောက်ပါ တေးဂီတအဖွဲ့က တစ်ကိုယ်တော် ပရောဂျက်များ လုပ်ဆောင်ရန်အတွက် ဇွန်လတွင် အဖွဲ့လိုက် ဂီတလှုပ်ရှားမှုများကို ခေတ္တရပ်ဆိုင်းလိုက်သည်ဟု ကြေညာပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တောင်ကိုရီးယား၊ အီတလီ၊ ယူကရိန်းနှင့် ဆော်ဒီအာရေးဗျတို့ အပါအဝင် နိုင်ငံလေးနိုင်ငံသည် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ကုန်စည်ပြပွဲကို မိမိနိုင်ငံ၌ လက်ခံကျင်းပနိုင်ရန်အတွက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ တင်သွင်းခဲ့ကြောင်း ကုန်စည်ပြပွဲကျင်းပရေးအဖွဲ့ ဗျူရို နိုင်ငံတကာ ကုန်စည်ပြပွဲများ ဌာန၏အဆိုအရ သိရသည်။

ဇူလိုင်လတွင် ကေပေါ့ အကျော်အမော် BTS သည် ဘူဆန်တွင် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ကုန်စည်ပြပွဲ ကျင်းပနိုင်ရန်အတွက် ယှဉ်ပြိုင်မည့် တရားဝင်သံတမန်များအဖြစ် ရွေးချယ်ခံခဲ့ရသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here