တောင်ကိုရီးယားသည် စက်တင်ဘာလအတွက် အီရန်ရေနံစိမ်းအားတင်သွင်းခြင်းမရှိ

0
245

ဆိုးလ်၊အောက်တိုဘာ ၁၅

တောင်ကိုရီးယားသည် စက်တင်ဘာလနှင့် လွန်ခဲ့သည့်တစ်နှစ်အတွင်း အီရန်ရေနံစိမ်းကိုတင်သွင်းခြင်းမရှိကြောင်း ပဏာမအချက်အလက်များကို ကိုရီးယားအကောက်ခွန်ဌာနမှ စနေနေ့ကပြသခဲ့သည်။

ကမ္ဘာ့ပဉ္စမမြောက် အများဆုံးရေနံစိမ်းဝယ်ယူသည့် နိုင်ငံသည် ပြီးခဲ့သည့်လကစုစုပေါင်း ရေနံစိမ်းတန်ချိန် ၁၁ ဒသမ ၆ သန်းတင်သွင်းခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်အတွင်းကမူ တန်ချိန် ၁၀ ဒသမ ၆ သန်းတင်သွင်းခဲ့ကြောင်းလည်း ကိန်းဂဏန်းအချက်အလက်များကဖော်ပြထားသည်။

တောင်ကိုရီးယား၏ ရေနံစိမ်းတင်သွင်းမှုအတွက် နောက်ဆုံးအချက်အလက်များကို နိုင်ငံပိုင် Korea National Oil Corp (KNOC) ကယခုလနှောင်းပိုင်းတွင်ထုတ်ပြန်မည်ဖြစ်သည်။ KNOC ဒေတာသည် တောင်ကိုရီးယားရေနံတင်သွင်းမှုအတွက် စက်မှုလုပ်ငန်းစံအဖြစ်သတ်မှတ်ထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here