ပြင်ဦးလွင်တွင် ဆိုင်ကယ်ဖြင့် ဘိန်းဖြူများသယ်‌ဆောင်လာသည့် လူငယ် ၂ ဦး ဖမ်းဆီးရမိ

0
222

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်  ဆိုင်ကယ်ဖြင့် ဘိန်းဖြူများသယ်‌ဆောင်လာသည့် လူငယ် ၂ ဦးကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၄ ရက်နံနက် ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ စိုင်းဆိုင်ဟန် မောင်းနှင်ပြီး မနန်းဆိုင်အောင် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁.၂၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် စိုင်းဆိုင်ဟန် နှင့် မနန်းဆိုင်အောင် တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here