ရုရှားအားခဲယမ်း မီးကျောက်ပေးသူများအား ပိတ်ဆို့အရေးယူနိုင်သည်ဟုအမေရိကသတိပေး

0
166

ဝါရှင်တန်၊အောက်တိုဘာ ၁၄

ယူကရိန်းအရေးနှင့်ပတ်သက်၍ မော်စကိုအပေါ်ဖိအားပေးရန်ကြိုးပမ်းနေချိန်တွင် ရုရှားသို့ခဲယမ်း မီးကျောက်နှင့်စစ်ဘက်စက်မှုလုပ်ငန်းကို ပံ့ပိုးပေးသည့်လူ၊နိုင်ငံနှင့်ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများချမှတ်နိုင်သည်ဟု အမေရိကက အောက်တိုဘာလ ၁၄ ရက် သောကြာနေ့တွင်သတိပေးခဲ့သည်။

နိုင်ငံပေါင်း ၃၂ နိုင်ငံမှ အရာရှိိများစုဝေး‌ တွေ့ ဆုံပွဲတွင် ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများကို ဆွေးနွေးခဲ့ကြပြီး ကန်နိုင်ငံလက်ထောက်ဘဏ္ဍာရေးဝန်ကြီး Wally Adeyemo က ဝါရှင်တန်သည် ထိုကဲ့သို့ဖြိုခွင်းမှုမျိုးကို ချမှတ် လိုစိတ်ရှိပြီး ချမှတ်နိုင်စွမ်းလည်း ရှိသည်ဟု ရှင်းလင်းပြတ်သားစွာပြောကြားခဲ့ကာ ဌာနအနေဖြင့်သောကြာနေ့တွင် လမ်းညွှန်ချက်များကိုထုတ်ပြန်မည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုဆိုင်ရာ ပထမဆုံးအစည်းအဝေးတွင် ဥရောပသမဂ္ဂ၊ကနေဒါနှင့်တောင်ကိုရီးယားနိုင်ငံတို့မှ တာဝန်ရှိသူများလည်းပါဝင်ခဲ့သည်။

ထို့အပြင်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) နှင့် ကူးသန်းရောင်းဝယ်ရေးစက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရိုဌာနတို့သည် ရုရှားနိုင်ငံ၏စစ်ရေး – စက်မှုဆိုင်ရာရှုပ်ထွေးမှုကို ဆန့်ကျင်သည့်လုပ်ရပ်များကို အကြမ်းဖျင်းဖော်ပြမည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ရုရှားသည်ထောက်ပံ့ရေးပစ္စည်းများနှင့်စက်ပစ္စည်းများအတွက် အီရန်နှင့်မြောက်ကိုရီးယားတို့ကဲ့သို့သော နိုင်ငံများသို့ဦးလှည့်လိမ့်မည်ဖြစ်ကြောင်းလည်း သတိပေးရန်ရည်ရွယ်ထားကြောင်းဖော်ပြထားသည်။အဆိုပါလက်နက်ခဲယမ်းထောက်ပံ့မှုများတွင် ဒရုန်းများ၊ဒုံးပျံများနှင့်အမြောက်လက်နက်များပါဝင်သည်ဟု မစ်ရှင်ပေါင်းစည်းရေးဆိုင်ရာအမျိုးသားထောက်လှမ်းရေး လက်ထောက်ညွှန်ကြားရေးမှူး Morgan Muir ၏တင်ပြချက်တစ်စောင်အရ သိရှိရသည်။

ဝါရှင်တန်နှင့်နိုင်ငံပေါင်း ၃၀ ကျော်ညွန့်ပေါင်းအဖွဲ့က ချမှတ်ထားသောပို့ကုန်ထိန်းချုပ်ရေးအစီအမံများသည်ကာကွယ်ရေး စက်မှုလုပ်ငန်းက တင်သွင်းလာသော မိုက်ခရိုအီလက်ထရွန်းနစ်နှင့် အခြားအစိတ်အပိုင်းများကိုမှီခိုနေရသဖြင့် အကျိုးသက်ရောက်မှုရှိခဲ့ပြီး တင့်ကားများ၊လေယာဉ်များ၊ရေငုပ်သင်္ဘောများနှင့် အခြားသောစစ်ဘက်ဆိုင်ရာစနစ်များ ထုတ်လုပ်မှုကိုကျဆင်းစေသည့် ပြတ်လပ်မှုသည်အရေးပါသောပြဿနာဖြစ်ကြောင်း တင်ပြချက်တွင်ဖော်ပြထားသည်။

အနောက်တိုင်းကုမ္ပဏီများက ထုတ်လုပ်သော တပိုင်း လျှပ်ကူး များသည် ရုရှားစစ်ဘက်သုံးဒရုန်းများနှင့် အခြားအသုံးပြုမှုများတွင်ပါဝင်လာသည်ဟုလည်း ကူးသန်းရောင်းဝယ်ရေးဌာနကသတိပေးထားသည်။ယခုနှစ်အစောပိုင်းတွင်ဝါရှင်တန်သည် ရုရှားသို့အမေရိကနှင့် နိုင်ငံခြားကုန်ပစ္စည်းများတင်ပို့မှုအပေါ် ကန့်သတ်ချက်အသစ်များထပ်မံချမှတ်ခဲ့ပြီး ရုရှား၏စစ်ဘက်နှင့်စက်မှုကဏ္ဍကိုဆုတ်ယုတ်စေရန် အမေရိကန်၏နည်းပညာဖြင့်ပြုလုပ်မည်ဖြစ်သည်ဟုလည်းဖော်ပြထားသည်။

ယခုအစီအစဉ်သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ယူကရိန်းသို့ကျူးကျော်ဝင်ရောက်ခဲ့သည့် ရုရှား၏လုပ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကနှင့်၎င်း၏မဟာမိတ်များက မော်စကိုအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအများအပြားအနက် တစ်စိတ်တစ်ဒေသဖြစ်ကြောင်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here