ရှမ်းပြည်တွင် စိတ်ကြွဆေးပြား ၁ သိန်းကျော်အား ဖမ်းမိ

0
163

ရှမ်းပြည်နယ်၊လွိုင်လင်နှင့်နမ့်စန်မြို့နယ်တို့တွင် အောက်တိုဘာ ၁၃ ရက်က စိတ်ကြွဆေးပြား ၁၃၄၆၇၀ ပြားနှင့်အတူ အမျိုးသား ၄ ဦး၊အမျိုး သမီး ၁ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်က မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ပင်လုံမြို့၊ ပင်လုံ-ကျောက်တန်းသွားကားလမ်းတွင် ခွန်ကျော်သိန်း(၄၇)နှစ်မောင်းကာ ခွန်အောင်သိန်း (ခ)အောင်သိန်း(၄၅)နှစ်နှင့်မသွယ်သွယ်မိုး(၂၃) နှစ်တို့လိုက်လာသည့် NISSAN X-Trail  ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင်သိုဝှက်သယ်ဆောင်လာသည့် စိတ် ကြွဆေးပြား ၁၃၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ နေ့လည် ၁ နာရီ ၁၅ မိနစ်၌ စုမောင်မောင်ဦး(ခ)ကိုလေး(၃၈)နှစ်အား နမ့်စန်မြို့၊ထင်းရူးမြိုင်ရပ်ကွက်၊ကံ့ကော်မြိုင်လမ်းရှိ နေအိမ်ခြံ၀င်းအတွင်းမှ စိတ်ကြွဆေးပြား ၃၈၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် စစ်ဆေးချက်များအရ နေ့လည် ၃ နာရီ ၁၅ မိနစ်တွင်လည်း အားဟွာ(ခ)ဦးလေး(၅၆)နှစ်ကို နမ့်စန်မြို့၊ရပ်ကွက်(၅)၊နမ့်စန်-မိုးနဲသွားကားလမ်း ၏ သစ်ကွင်းအနီးတွင် စိတ်ကြွဆေးပြား ၈၇၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here