ကြည့်မြင်တိုင်တရားရုံးတွင် ဗုံးပေါက်ကွဲ မပေါက်ကွဲသေးသည့်တစ်လုံးကို လုံခြုံရေးတပ်ဖွဲ့၀င်များရှင်းလင်း

0
265

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တရားရုံးတွင် ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားမှုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့်တစ်လုံးကို လုံခြုံရေးတပ်ဖွဲ့၀င်များကရှင်းလင်းခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့၀င်များက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အနီးပတ်၀န်းကျင်ကို စစ်ဆေးရာမှ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးကိုတွေ့ရှိခဲ့သည့်အတွက် ကမ်းနားလမ်းကို ခေတ္တပိတ်ဆို့ပြီး ရှင်းလင်းခဲ့ရသည်။

” ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရတယ်။ တရားရုံးဘေးမှာ ပေါက်သွားတာလို့လည်း ပြောကြတယ်။ သိပ်မကြာဘူး လုံခြုံရေးတပ်ဖွဲ့၀င်တွေရောက်လာပြီး စုံစမ်းစစ်ဆေးတာတွေလုပ်တယ်။ မပေါက်သေးတဲ့ ဗုံးတွေ့လို့ ကမ်းနားလမ်းကိုပိတ်ပြီး ဖောက်ခွဲလိုက်ရတယ် “ဟု ကြည့်မြင်တိုင်မြို့နေပြည်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ပုံစာ – ဖောက်ခွဲခံရသည့် ကြည့်မြင်တိုင်တရားရုံး (ပုံအဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here