UEC အနေဖြင့် မိမိအမြင်သာ မှန်ကန်သည်ဟု ယူဆမနေသင့်ဘဲ သဘောထားကြီးကြီး ထားသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပြော

0
355

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများနှင့် ပတ်သက်၍ မြေပြင်အခြေနေများအပေါ်  ရခိုင်အမျိုးသားပါတီက သဘောထား ထုတ်ပြန်ခဲ့မှုကို UEC ကခေါ်ယူမေးမြန်းခြင်းနှင့်ပတ်သက်၍ သဘောထားမေးမြန်းစဉ် ဦး​အေး​မောင်၏ပြန်လည်ဖြေကြားမူများ ဖြစ်သည်။

“အမြင်ချင်းလည်း တူချင်မှတူမယ်။ တူနိုင်ဖို့လည်း မလွယ်ဘူးဗျ။ Union ရဲ့အမြင်နဲ့ Local ရဲ့အမြင်တူချင်မှတူမှာ ။ ပြည်ထောင်စုတစ်ခုလုံးရဲ့ အမြင်နဲ့ လူမျိုးနွယ်စု တ စ်ခုရဲ့အမြင်ပေါ့ဗျာ၊တူချင်မှ တူမယ်။ဒါကိုလည်းပဲ သ ဘောပေါက် ဖို့လိုတယ်။ မဟုတ်ရင် ပြည်ထောင်စု ပြဿနာကို ဘယ်လို ဖြေရှင်းမှာလဲဗျ။ ဒါလေးတွေကို သဘော ထားကြီးဖို့လည်း လိုတယ်။ ကိုယ့်ဘက်ကအယူအဆ မှန်တယ်လို့ချည်းဘဲ ပြောဖို့ထက် နှစ်ဖက်အမြင်လေးနဲ့ပေါ့ဗျာ။ အဲဒီလို ချိန်ဆပေးနိုင်မှပဲ ဒီကာလ ဒီတိုင်းပြည်ကြီး ရှေ့ဆက်သွားဖို့က လမ်းကြောင်း တစ်ခုပေါ်ကို ရောက်မှာ ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ရခိုင်ပြည်အတွင်းမြန်မာ-ဘင်္ဂလား​ဒေ့ရှ် နယ်စပ်ရှိ မိုင်တိုင်(၄၀) နယ်ခြား​စောင့်စခန်းကို ရခိုင့်တပ်​တော်AA က စတင်တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် တ​ကျော့ပြန်တိုက်ပွဲများနှင့် ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာများကို အကာ အကွယ်ယူကာ တိုက်ပွဲဖော်ဆောင်ခြင်း မပြုကြရန် လက် နက်ကိုင်အဖွဲ့အစည်းများအား အလေးအနက် မေတ္တာရပ် ခံကြောင်းနှင့် မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ်  ပြင်းပြင်းထန် ထန် ရှုတ်ချကန့်ကွက်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်တွင် ရခိုင်အမျိုးသားပါတီ(ANP)မှ သဘော ထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောထား ထုတ်ပြန်မှုနှင့် ပတ်သက်၍ UEC က ရခိုင်အမျိုးသားပါတီအား လာရောက်တွေ့ဆုံဖြေရှင်းရန် ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပြီး ANP ပါတီထိပ်ပိုင်း ခေါင်း ဆောင်များ သွားရောက်ဖြေရှင်းခဲ့ကြောင်း သိရသည်။

” UEC ဘက်ကလည်း တချို့ဟာလေးတွေကို သဘော ထားကြီးဖို့ လိုတယ်ဗျ။ ဒေသခံတွေကြားမှာ ဒေသမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီ ၊ ဒေသခံပါတီတွေဆိုတာက လူထု သိစေချင်တဲ့၊ လူထုကို မထိ ခိုက်စေချင်တဲ့၊ ထိခိုက်နေတဲ့ ကိစ္စလေးတွေရှိရင် ကျိုးကြောင်း လေးတွေနဲ့ပေါ့ဗျာ ။ တောင်းဆိုတာတို့ ၊ အကြံ ပြုတာတို့ တိုက်တွန်းတာတို့ လုပ်ကြစမြဲပါ ” ဟု ဒေါက် တာ အေးမောင်က ပြောသည်။

ANP ပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင် INGO/NGO အဖွဲ့များ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရန် သွားလာခွင့် ပိတ်ပင်ထားသည်ကိုလည်း ပြန်လည်ဖွင့်ပေးရန်နှင့် စစ်ပွဲဧရိယာနှင့် စစ်ပွဲနှင့် မပတ်သ က်သည့် နေရာများအပါအဝင် မြို့နယ်တစ်ချို့အား ကုန်းလမ်း၊ ရေလမ်းများအား အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် အဆိုပါဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါ င်းစုံ၏ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ် သည်ဟု ရှုမြင်ကြောင်း ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သ ည်။

အဆိုပါ ထုတ်ပြန်ချက်ပါ အကြောင်းအရာများနှင့် ပတ် သက်၍ တစ်ဖက်သတ်ဆန်သည့် စွပ်စွဲပြောဆိုမှုများဖြ စ်သည်ဟု ယူဆကာ ပြည်ထောင်စုရွေးကောက်ပွဲကော် မ ရှင်က ANP ပါတီအား ဆင့်ခေါ်ကာ ဖြေရှင်းချက်တောင်း ခံခဲ့ခြင်းဖြစ်သည်။

UEC ၏ ဆင့်ခေါ်မှုအပေါ် ANP ပါတီထိပ်ပိုင်း ခေါင်ဆောင်များက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း  နေပြည်တော်တွင် သွားရောက်တွေ့ဆုံကာ ဖြေရှင်းခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here