ယူကရိန်းနှင့် ပိုလန်တို့သည် အမည်မသိ ဟက်ကာအဖွဲ့၏ ထူးဆန်းသော အဖျက်ဆော့ဝဲလ်ဖြင့် တိုက်ခိုက်ခြင်း ခံရဟု မိုက်ခရိုဆော့ဖ် ပြော

0
247

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၂၅

အသစ်တွေ့ရှိထားသော ဟက်ကာအဖွဲ့သည် ယူကရိန်းနှင့် ပိုလန်ရှိ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများကို အန္တရာယ်များပြီး ထူး ဆန်းသော အဖျက်ဆော့ဝဲလ် တစ်မျိုးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မိုက်ခရိုဆော့ဖ်က အောက်တိုဘာလ ၁၄ ရက် သောကြာနေ့တွင် ဘလော့ဂ်ပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။

ဟက်ကာများသည် အင်္ဂါနေ့၌ တစ်နာရီအတွင်း ကုမ္ပဏီများ၏ ကျယ်ပြန့်သော စနစ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများသည် မည်သည့်အဖွဲ့နှင့် ချိတ်ဆက်နေကြောင်းကိုမူ မသိရှိရသေးကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားခဲ့သည်။

သို့ရာတွင် ထိုဟက်ကာများ၏ တိုက်ခိုက်မှုများမှာ အစောပိုင်းကာလများက ယူကရိန်းအစိုးရအေဂျင်စီများကို အနှောင့်အယှက်ဖြစ်စေခဲ့သည့် ရုရှားအစိုးရနှင့် ချိတ်ဆက်နေသော ဆိုက်ဘာအဖွဲ့၏ တိုက်ခိုက်မှုများနှင့် ဆင်တူလုနီးပါးရှိကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

ယူကရိန်းသည် ဖေဖော်ဝါရီလ အရေးအခင်းစတင်ချိန်မှစ၍ ရုရှားက ပြုလုပ်သော ဆိုက်ဘာ တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခုဖြစ်လာကြောင်း အနောက်တိုင်း လုံခြုံရေးသုတေသီများနှင့် အစိုးရအရာရှိကြီးများ၏ ပြောကြားချက်အရ သိရသည်။

ဝါရှင်တန်ရှိ ရုရှားသံရုံး အပါအဝင် ယူကရိန်းနှင့် ပိုလန်၏ ဆိုက်ဘာ လုံခြုံရေး အေဂျင်စီများသည်လည်း အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုထားခြင်းကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။

ပရက်စတီဂျ်ဟု အမည်ပေးထားသည့် အထက်ပါ ဆော့ဝဲလ်အသစ်၏ တိုက်ခိုက်ခြင်း ခံရသူများသည် ဖော့စ်လုတ်ဒ် သိုမဟုတ် ဟာမက်တစ်ဝိုင်ပါ မော်လ်ဝဲ ပါဝင်သော အခြားသော ဒေတာ ဖျက်စီးသည့် ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရသူနှင့် ထပ်တူညီနေသည်ဟု မိုက်ခရိုဆော့ဖ်က ဆိုသည်။

ယူကရိန်းအရေးအခင်းအစတွင် ဖော့စ်လုတ်ဒ် သိုမဟုတ် ဟာမက်တစ်ဝိုင်ပါ မော်လ်ဝဲ ပါဝင်သော ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ယူကရိန်း၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံရှိ ရာနှင့်ချီသော ကွန်ပြူတာများကို ထိခိုက်သွားခဲ့သည်။

ပရက်စတီဂျ် ဆော့ဝဲလ်သည် တိုက်ခိုက်ခံရသူများ၏ ဒေတာကို ကုဒ်ဝှက်ထားပြီး ကုဒ်ဖြည်ကိရိယာကို ဝယ်ယူမှသာ ဒေတာကို ပြန်ဖွင့်နိုင်မည်ဟူသော မှတ်ချက် ချန်ထားခြင်းဖြင့် အလုပ်လုပ်ကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားထားသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here