လှိုင်သာယာရှိ ပလပ်စတစ်တံဆိပ်ရိုက်စက်ရုံ၌ မီးလောင်မှုဖြစ်

0
292

ရန်ကုန်တိုင်း၊လှိုင်သာယာ​(အရှေ့ပိုင်း)​မြို့နယ်၊ကစင်ကျေးရွာ၊ရွှေလင်ပန်းစက်မှုဇုန်၊လှသိင်္ဂီလမ်းအကွက်အမှတ်(၃၈၃)ရှိ YCYL(YUECAI.INK)​ပလပ်စတစ်တံဆိပ်ရိုက်လုပ်ငန်းစက်ရုံတွင် အောက်တိုဘာ ၁၅ ရက်(ယနေ့)နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယနေ့နေ့လည် ၁ နာရီကျော်ခန့်က စတင်၍မီး လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား(၈)စီး၊ရေသယ်ကား(၆)စီး၊အုပ်ချုပ်မှုကား(၁)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်မှုကြောင့် နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်၌ မီးငြိမ်းသွားခဲ့ပြီး ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here