မောင်တောမြို့နယ်အခြေစိုက် မောင်တောမြို့နယ် ကရုဏာကွန်ယက် ယာယီရပ်နား

0
250

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည့် မောင်တောမြို့နယ် ကရုဏာကွန်ယက်အသင်းသည် အောက် တိုဘာ ၁၅ ရက်(ယနေ့)မှစတင်၍ ယာယီရပ်နားခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ကရုဏာကွန်ယက်အသင်းသည် ၂၀၁၈ ခုနှစ်၊သြဂုတ် ၁ ရက်မှစတင်၍ လူမျိုးဘာသာမရွေးအား အရေးပေါ်လူနာ၊သွေးနှင့်နာရေးကိစ္စများအား ၂၄ နာရီ ကူညီပေးနေသည့် လူမှုကူညီရေးအသင်းဖြစ်သည်။

“အသင်းသား၊အသင်းသူတွေရဲ့လုံခြုံမှုအားနည်းလာတာရယ် အရေးပေါ်လူနာပေါ်လာတဲ့အချိန်မှာ သွားခွင့်မရတာတွေရယ်ကြောင့် အသင်းကိုယာယီရပ်နားခဲ့တာပါ”ဟု မောင်တောမြို့နယ် ကရု ဏာကွန်ယက်အသင်း၏ ဥက္ကဋ္ဌဦးချစ်ထူးခိုင်ကပြောသည်။

လတ်တလောအခြေအနေများကြောင့် အရေးပေါ်ဖြစ်ပွားနေသူများအား ကူညီမှုများပြုလုပ်ပေးနိုင်ခြင်းမရှိသဖြင့် အသင်းအားယာယီရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဥက္ကဋ္ဌဦးချစ်ထူးခိုင်၏ ပြောကြားချက်အရ သိရသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here