မြဝတီ အမှတ်(၁) တံတားတွင် ယနေ့ည ဗုံး (၂) လုံးပေါ က်ကွဲ ၊ ထိခိုက်ဒဏ်ရာရမှုအခြေနေမသိရှိရသေး

0
322

ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၁) အနီးတွင် ယနေ့ ည (၇) နာ ရီ ဝန်းကျင်က ဗုံး (၂) လုံး ပေါက် ကွဲခဲ့ပြီး မီးလောင်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

” နှစ်လုံး ပေါက်တယ်။ အသံအကျယ်ကြီးနဲ့ပေါ့။ ထွက်ကြည့်တော့ မီး တွေလောင်နေပြီ။ ဘာတွေလောင်လဲတော့ မသိဘူး ။အနားသွားလို့ မရဘူး ။ အကုန်ရောက်နေကြပြီ ” ဟု တံတားအနီး ပြည်ခိုင်ဖြိုးလမ်းတွင် နေထိုင်သူ ဒေသ ခံ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

လက်ရှိတွင် အခင်း ဖြစ်ပွားရာနေရာသို့ စစ်တပ်၊ ရဲ ၊ BGF နှင့် မီးသတ်တပ်ဖွဲ့များရောက်ရှိကာ မီးငြိမ်းသတ်နေကြောင်း သိရသည်။

အခင်း ဖြစ်ပွားမှုကြောင့် ထိခိုက် ဒဏ်ရာရှိမှုနှင့် အသေး စိတ် အခြေအနေကို ပေါ်ပြူလာနယူး(စ်)က ဆက်လက် စုံစမ်းနေပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။

ထိုင်း – မြန်မာ အမှတ်(၁) ချစ်ကြည်ရေး တံတာတွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိကာ မော်တော်ယာဉ်အချို့ မီးလောင် ဆုံးရှုံးခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here