ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အမှတ်(၁)ချစ် ကြည်ရေးတံတားထိပ်အနီးဗုံးပေါက်မှုဖြစ်စဥ်၌ အမျိုးသား ၁ ဦးဒဏ်ရာရကာ အနည်းဆုံးကား ၂ စီးမီး လောင်ပျက်စီး

0
414

ကရင်ပြည်နယ်၊မြဝတီမြို့ရှိ ထိုင်း-မြန်မာ အ မှတ်(၁)ချစ်ကြည်ရေးတံတားထိပ်တွင် အောက် တိုဘာ ၁၅ ရက်(ယနေ့)ည ၇ နာရီခန့်က ကားပေါ်မှတဆင့် ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရကာ အနည်းဆုံးကား ၂ စီးမီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။

“တံတားဘေးလမ်းကြားမှာရပ်ထားတဲ့ ကားပေါ်ကနေပေါက်ကွဲတာပါ မြဝတီမြို့မီးသတ်က လာပြီး ငြိမ်းသတ်သွားပါပြီ”ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ ဗုံးပေါက်ကွဲမှုအရှိန်ကြောင့် အမျိုးသား ၁ ဦးတွင် မှန်စထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကား ၂ စီးမှာ မီးလောက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့အမျိုးသားကိုအခု မြဝတီဆေးရုံပို့ထားပြီး ကုသပေးနေပါတယ် မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အမှတ်(၁)ချစ်ကြည်ရေးတံတားအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၅ မိနစ်ခန့်အကြာတွင် ထပ်မံဖြစ်ပွားခဲ့သည့် ဟိုတယ်အနီး၌ ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊မရှိအား သိရှိရခြင်းမရှိသေးကြောင်း မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here