တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း(၇) နှစ်မြောက်နှစ်ပတ်လည်နေ့တွေ့ဆုံပွဲသို့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တက်ရောက်

0
336

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း(၇) နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအား အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည် တော်၌ကျင်းပရာ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်ကော်မတီဝင်ပြည်ထောင်စုဝန် ကြီး၊ ဒု-ဝန်ကြီးများ၊ ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့်နိုင်ငံရေးပါတီတို့မှအထူးဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ကရင်အ မျိုးသားအစည်းအရုံးကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU)၊မွန်ပြည်သစ်ပါတီ(NMSP)၊ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့မှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ၊ဗဟိုအလုပ်အမှုဆောင်ကော်မ တီဝင်များနှင့်ဗဟိုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြသည်။

နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၊ပြည်ထောင်စုဝန်ကြီး၊အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က NCA (၇)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအ မှတ်အမှာစကားပြောကြားခဲ့သည်။ 

ထို့ပြင် UPWC ဒု-ဥက္ကဋ္ဌနှင့်ပြည်ထောင်စုဝန်ကြီး (ငြိမ်း)ဦးအောင်မင်း၊ UPWC ဒု-ဥက္ကဋ္ဌနှင့်ပထမအ ကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဇော်၊ပြည်ထောင်စုရှေ့နေချုပ်(ငြိမ်း)ဦးထွန်းထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)နှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က NCA အထိမ်းအမှတ်စ ကားများပြောကြားခဲ့ကြသည်။

ထို့အတူ ခိုင်စိုးနိုင်အောင်(ALP)၊ဖြားတန်ခွန်ဥက္ကာ (PNLO)နှင့်ပဒိုရွှေမောင်း(KNU)၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုယ်စားလှယ်များဖြစ်သည့် ALP ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ DKBA စောကျော်သန်းဌေး၊ KNU/KNLA ဒု-ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ LDU ဥက္ကဋ္ဌကျာဆော်လမွန်၊ NMSP ဒု- ဥက္ကဋ္ဌ နိုင်အောင်မင်း၊ PNLO ဒု-ဥက္ကဋ္ဌ ခွန်ထွန်းတင်နှင့် RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့က NCA အထိမ်းအမှတ်စ ကားများပြောကြားခဲ့ကြသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ယခင် MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ၊ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)အဖွဲ့ဝင်များဖြစ်သည့် ဦးပြည့်စုံ၊ဦးမောင်မောင်ငြိမ်းနှင့်စိုင်းမျိုးသန့်တို့ကလည်း NCA အထိမ်းအမှတ်စကားများ ပြောကြားခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း Video Message ပေးပို့၍ အမှာစကားပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here