အင်္ဂပူမြို့ရှိ အ.ထ.ကကျောင်းတွင် ၁ နာရီခွဲကျော်ကြာမီးလောင်မှုဖြစ်ပွားခဲ့

0
390

ဧရာဝတီတိုင်း၊အင်္ဂပူမြို့၊အမှတ်(၁)ရပ်ကွက်၊ချယ်ရီမြောက်လမ်းနှင့်ကံ့ကော်လမ်းကြားရှိ အ.ထ.ကကျောင်းတွင် အောက်တိုဘာ ၁၆ ရက် (ယနေ့)နံနက်အစောပိုင်းက ၁ နာရီခွဲကျော်ကြာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၂ နာရီခန့်က အင်္ဂပူမြို့၊အ မှတ်(၁)ရပ်ကွက်၊ ချယ်ရီမြောက်လမ်းနှင့်ကံ့ကော်လမ်းကြားရှိ အ.ထ.ကကျောင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အင်္ဂပူမြို့နယ်မီး သတ်စခန်း၊ဟင်္သာတခရိုင်မီးသတ်စခန်း၊တလုတ္တော်နယ်မြေမီးသတ်စခန်း၊ဓမ္ဘီနယ်မြေမီးသတ်စ ခန်း၊ပန်းတောကြီးနယ်မြေမီးသတ်စခန်း၊မယ်ဇလီကုန်းနယ်မြေမီးသတ်စခန်း၊ကွင်းကောက်နယ်မြေမီးသတ်စခန်း၊ထူးကြီးနယ်မြေမီးသတ်စခန်း၊ညောင်ကြိုးနယ်မြေမီးသတ်စခန်းနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၃၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက လုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ဘာ့ကြောင့်လောင်တယ်ဆိုတာကတော့ ကျွန် တော်တို့လည်း မသိဘူးဗျ စာသင်ကျောင်းမှာ မီး လောင်တယ် သတင်းရတာနဲ့သွားပြီးငြိမ်းပေးခဲ့ကြတာ ပျက်စီးမှုတော့များတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်အား မီးငြိမ်းသတ်နေချိန်၌ လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here