နိုင်ငံခြားသုံးငွေ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေရော င်းဝယ်လဲလှယ်သည့် လုပ်ငန်း(၂) ခုအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေဖြင့် ဗဟိုဘဏ် တရားစွဲ

0
340

နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားခြင်းမရှိဘဲ လူမှုကွန်ယက်စာမျက် နှာတွင် နိုင်ငံ ခြားငွေရောင်းချဝယ်ယူလဲလှယ်နေသည့် Perfect Money နှင့် B to P Money exchange တို့အား ဗဟိုဘဏ်က စစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါ လူမှုကွန်ယက်စာမျက်နှာ ၂ ခုသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ အားဖောက် ဖျက်ကျူး လွန်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဗဟိုဘဏ်က နိုင် ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒ ပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် Black Market Rate ၊ USD Exchange Rate ၊ Golda and Forex Trading ၊ Gold and Dollar Market Dollar Buyer Seller ဒေါ်လာရောင်းဝယ်သူများဆုံစည်းရာ၊ Dollar Palace ၊ Dollar ရောင်းမယ်ဝယ်မယ်တိုက်ရိုက်၊ ရွှေဈေးဒေါ်လာဈေးတိုက်ရိုက်(Gold & Dollar Market)၊ ဒေါ်လာပေါက်ဈေး update ၊ YGN MDY ကြိုက်ရောင်းကြိုက်ဝယ်၊ ယူရိုဒေါ်လာရောင်းဝယ်ပို့ ဆောင်သူများဆုံဆည်းရာ၊ Euro Dollar Trading ၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက်၊ USD Exchange ၊ ဒေါ်လာစားများနှင့်နိုင်ငံခြားငွေလိုသူများဝယ်ရောင်းရန်၊ ဒေါ်လာရောင်းသူဝယ်သူ တိုက်ရိုက် (Dollar Buyer Seller)၊ $ ဒေါ်လာ $ ရောင်း $ ဝယ် တိုက်ရိုက်($=><=Ks)၊ ဒေါ်လာ dollar ရောင်းသူဝယ်သူတိုက်ရိုက်(ကြိုက်ရောင်းကြိုက်ဝယ်)၊ နိုင်ငံတကာငွေကြေးဈေးနှုန်းများနှင့်ဒေါ်လာ ကြိုက်ရောင်းကြိုက်ဝယ်၊ မြန်မာ့ရွှေ ကမ္ဘာ့ရွှေတို့ကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ အားဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရ၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒ ပုဒ်မ ၄၂ အရ ဗဟိုဘဏ်က တရားစွဲဆိုနိုင် ရေးဆောင်ရွက်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here