ပဲ့ထိန်းဒုံးကျည်ကို ရေငုပ်သင်္ဘောမှ အိန္ဒိယ အောင်မြင်စွာပစ်လွှတ်

0
233

ပဲ့ထိန်းဒုံးကျည်တစ်စင်းကို နျူစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းပေါ်မှနေ၍ ပြီးခဲ့သည့် သောကြာနေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းသည် နျူလက်နက် တန်ပြန်တိုက်ခိုက်ရေးနှင့် ထိုးစစ်ဆင်ခြင်းစွမ်းရည်ကို စမ်းသပ်လေ့ကျင့်ခြင်းဖြစ်ပြီး၊ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်နှင့် တရုတ်နိုင်ငံတို့နှင့်အတူ ယင်းစွမ်းရည်ကို အိန္ဒိယကလည်း ပိုင်ဆိုင်သွားပြီဖြစ်သည်။

ယခု စမ်းသပ်ပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယနိုင်ငံကပင်ပြုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။

Source: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here