ဇမ်ဘီယာအနေဖြင့် တရုတ်အပါအဝင်အခြားမြီရှင်များနှင့်ပါအဆက်အသွယ်မပြတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

0
159

ဂျိုဟန်းနက်စ်ဘာ့ခ်၊အောက်တိုဘာ ၁၅

ဇမ်ဘီယာသည် ကြွေးမြီ ပေးဆပ်မှု ဇယားကို ပြန်လည်ပြင်ဆင်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်နေသဖြင့် တရုတ်နိုင်ငံနှင့် ၎င်း၏အခြားမြီရှင်များနှင့်ပါ အဆက်သွယ်ရှိနေဆဲဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး Situmbeko Musokotwane က အောက်တိုဘာလ ၁၅ ရက် စနေနေ့ကပြုလုပ်သော နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကြောင့်ကြွေးမြီပေးချေရန် ပျက်ကွက်ခဲ့သည့်ပထမဆုံးအာဖရိကန်နိုင်ငံဇမ်ဘီယာအတွက် ဘုံသဘောတူညီချက်မူဘောင်ချမှတ်ကာ ကြွေးမြီ‌ေပးဆပ်မှုပံုစံအတွက်ပြန်လည်ညှိနှိုင်းသောနည်းလမ်းမှလွဲ၍ အခြားနည်းလမ်းမရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ဇမ်ဘီယာသည်စက်တင်ဘာလတွင် IMF ထံမှ သုံးနှစ်တာချေးငွေ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကိုရရှိခဲ့သည်။လက်ရှိတန်ဖိုး ကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံအကြွေးလျှော့ချကာ ပြင်ပကြွေးမြီ၏ ၄၉ ရာခိုင်နှုန်းကိုပြန်လည် ပုံစံ ချရန် ကြိုးပမ်းနေသော်လည်း အချို့သောမြီရှင်များက လက်ခံနိုင်ဖွယ်မရှိဟုဆိုကြသည်။

တောင်အာဖရိကရထားလမ်းနှင့်ဆိပ်ကမ်းအော်ပရေတာ Transnet အားဆန္ဒထုတ်ဖော်မှုသည် ဒေသတွင်းအခြေခံဆောက်အဦများပိုမိုလိုအပ်ကြောင်းလည်း ပြသခဲ့သည်ဟုမစ္စတာ Musokotwane ကပြောကြားခဲ့ပြီး ယခင်ကနိုင်ငံတကာမြီရှင်များသည် အာဖရိက၏အခြေခံအဆောက်အဦလိုအပ်ချက်ကို အသိအမှတ်မပြုခဲ့ကြကြောင်းလည်းထပ်လောင်းပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်ကုန်တွင် ဇမ်ဘီယာ၏ပြင်ပကြွေးမြီ ကန်ဒေါ်လာ ၁၇ ဒသမ ၂၇ ဘီလီယံ၏ သုံးပုံတစ်ပုံခန့်အား အခြေခံအဆောက်အဦဆိုင်ရာ ပရောဂျက်များအတွက် တရုတ်နိုင်ငံကပိုင်ဆိုင်ခဲ့သည်။ထိုအချိန်မှစ၍ တရုတ်ငွေချေးသူများထံမှအများအပြားဖြစ်သည့် မထုတ်ပေးရသေးသော ချေးငွေအမေရိကန်ဒေါ်လာ ၂ ဘီလီယံကိုလည်းဖျက်သိမ်းခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here