သာစည်မြို့ရှိ နေအိမ်တစ်လုံးအတွင်းသို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာ

0
310

မန္တလေးတိုင်း၊သာစည်မြို့၊အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းသို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့မှု အောက်တိုဘာ ၁၅ ရက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့က ဆိုင်ကယ်စီးလာသည့် အမည်မသိ အမျိုးသား ၂ ဦးသည် သာစည်မြို့၊အမှတ်(၄) ရပ်ကွက်ရှိ ဦးထိုက်ကြီး(ခ)သန်းထိုက်(၃၇)နှစ်၏ နေအိမ်ရှေ့သို့ ရောက်ရှိလာကာ သေနတ်ဖြင့်နေ အိမ်အတွင်းသို့ ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် နေအိမ်အတွင်းရှိ ကိုထိုက်ကြီး(ခ)သန်းထိုက်တွင် ဝမ်းဗိုက်ကျည်ဖောက်ဝင်၊မသိန်းသန်းဇံ(၃၃)နှစ်တွင် ဘယ်ပေါင်ရင်းကျည်ဖောက်ဝင်၊မောင်ရဲစိုးအောင်(၁၃)နှစ်တွင် ဘယ်/ညာ ပေါင်ကျည်ရှပ်ထိဒဏ်ရာ ၂ ချက်၊ညာလက် ကောက်ဝတ်ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)များနှင့်ကိုသန်းဦး(ခ)ဖိုးတုတ်(၃၈)နှစ်တွင် ဦး ခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဘယ်ပုခုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိသူ ၄ ဦးအား လူမှုကူညီရေးအသင်းကားများဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေအိမ်နှင့်ပတ်ဝန်းကျင်အနီးတစ်ဝိုက်အား စစ်ဆေးရာ 9-MM ပစ္စတိုကျည်ခွံအချို့အား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here