မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical စက်ရုံမှ အခြေခံဝန်ထမ်းအမျိုးသမီး ၃၀၀ ဦးခေါ်ယူ

0
382

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical စက်ရုံမှ အခြေခံဝန် ထမ်းအဖြစ်အလုပ်လုပ်ကိုင်ရန် အမျိုးသမီး ၃၀၀ ဦးအားခေါ်ယူလျက်ရှိသည်။

လာရောက်လျှောက်ထားသူများသည် အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းဖြစ်ရမည်ဖြစ်ကာ ပညာအရည်အချင် ၈ တန်းနှင့်အထက်ဖြစ်၍ ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း လက် မှတ်ပါရှိရမည်ဖြစ်သည်။

လာရောက်လျှောက်ထားသူများအနက် အ ဆောင်၌နေထိုင်နိုင်သူများကိုသာ ခေါ်ယူသွားမည်ဖြစ်ပြီး လျှောက်ထားသူအမျိုးသမီးများ၏ အရပ်သည် ၅ ပေ ၂ လက်မနှင့်အထက်ရှိရမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါရှိသည့် အသက် ၃၀ နှစ်မှ ၃၇ နှစ်အတွင်းရှိ သန့်ရှင်းရေးဝန်ထမ်း ၂ ဦး၊တရုတ်ကျောင်း (အလယ်တန်း)နှင့်မြန်မာကျောင်း (အထက်တန်း)အဆင့်ရှိ တရုတ်စကားပြန် အမျိုး သား၊အမျိုးသမီး ၁၀ ဦးကိုလည်း ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများအနေဖြင့် လူတွေ့စစ်ဆေးမည့်နေ့တွင် အိမ်ထောင်စုဇယား မိတ္တူ၊ မှတ်ပုံတင် မူရင်း/ မိတ္တူ၊ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊ ပညာအရည်အချင်းထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့်ရပ်ကွက်ထောက်ခံစာများ ယူဆောင်လာရမည်ဖြစ် ကြောင်း သိရသည်။

လူတွေ့စစ်ဆေးခြင်းအား အောက်တိုဘာ ၁၇ ရက်နံနက် ၉ နာရီနှင့်နေ့လည် ၁ နာရီတို့၌ ၂ ကြိမ်ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here