ဟားခါးမြို့၊ ထာရ်(၁) ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ရှိလက်နက်ကိုင်အဖွဲ့ လာရောက်မီးရှို့တိုက်ခိုက်မှုကြောင့် အပြန်အလှန်ထိတွေ့မှု ဖြစ်ပွား

0
226

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ရှိ လက်နက်များက လာရောက်မီးရှို့တိုက်ခိုက်မှုကြောင့် အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၅ ရက် နံနက် ၃ နာရီခန့်တွင်

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ပြီး မော်တော်ယာဉ် များအား မီးရှို့ခဲ့သဖြင့် အဆိုပါအနီးတစ်ဝိုက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ထိုသို့ ပစ်ခတ် တိုက်ခိုက် မီးရှို့ဖျက်ဆီးမှုကြောင့် မီးသတ်ရုံးအတွင်းရှိ မီးသတ်ယာဉ် ၂ စီး မီးလောင် ပျက်စီးသွားခဲ့ပြီး လာရောက်ပစ်ခတ်သည့်အဖွဲ့မှာ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟုဆိုသည်။

 တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည့် CDF အမည်ရှိ လက်နက်ကိုင်အဖွဲ့အား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here