သမ္မတဘိုင်ဒင်၏နျူဝေဖန်မှုကြောင့် ပါကစ္စတန်မှအမေရိကန်သံအမတ်အားဆင့်ခေါ်

0
201

ကာရာချီ၊အောက်တိုဘာ ၁၅

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပါကစ္စတန်၏ နျူကလီးယားအစီအစဉ်ဘေးကင်းမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ပြီးနောက် အမေရိကန်သံအမတ်အားဆင့်ခေါ်ခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ကြာသပတေးနေ့က‌ ပြောကြားသည့်မိန့်ခွန်းတွင် ပါကစ္စတန်သည်စည်းလုံးမှုမရှိဘဲ နျူလက်နက်ကိုကိုင်ဆောင်ထားသဖြင့် ကမ္ဘာပေါ်၌အန္တရာယ်အရှိဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်လာနိုင်သည် ဟု သမ္မတဘိုင်ဒင်ကပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto – Zardari ကမူ ယခုလိုဝေဖန်မှတ်ချက်ပြုခြင်းအပေါ် အံ့ဩမိကြောင်းပြောကြားခဲ့သည်။ “ ပါကစ္စတန်ရဲ့နျူပိုင်ဆိုင်မှုတွေနဲ့လုံခြုံရေးအခြေအနေကို မေးခွန်းထုတ်ရသလောက်တော့ IAEA ရဲ့နိုင်ငံတကာစံနှုန်းတစ်ခုစီတိုင်းနဲ့အညီရှိနေဆဲပါပဲ” ဟု စနေနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်၎င်းကပြောကြားခဲ့သည်။

ဘိုင်ဒင်၏မိန့်ခွန်းမှတ်တမ်းကိုလည်း အိမ်ဖြူတော်က၎င်း၏ဝက်ဘ်ဆိုက်တွင်တင်ထားခဲ့သည်။ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကမူ အမေရိကန်သံအမတ်ကိုဆင့်ခေါ်သည့် ဆုံးဖြတ်ချက်သည် အမေရိကနှင့်ဆက်ဆံရေးအပေါ် အပျက်သဘောဆောင်သည်ဟုမထင်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများအနေဖြင့် ဝါရှင်တန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် သီးခြားစိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်းပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ရှိတာလီဘန်များအား ပါကစ္စတန်က ထောက်ပံ့မှု ကြောင့်စိုးရိမ်မှုများလာကာ ယခင်ကရင်းနှီးသောမဟာမိတ်များဖြစ်ခဲ့သည့် အစ္စလာမာဘတ်နှင့်ဝါရှင်တန်တို့ကြားဆက်ဆံရေးသည် နှစ်အတော်ကြာအေးခဲလာပြီးနောက် ဆက်ဆံရေးများပြန်လည်နွေးထွေးလာခဲ့သည်။သို့သော်ပါကစ္စတန်က ယင်းထောက်ပံ့မှုကိုငြင်းဆိုထားသည်။

နိုင်ငံခြားရေးအပါအဝင် ဌာနများနှင့် အစည်းအဝေးများကိုကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်မည့် မကြာသေးမီကဝါရှင်တန်သို့ခရီးစဉ်အတွင်း ပါကစ္စတန်နျူကလီးယားအစီစဉ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here