နေအိမ်ပေါ်သို့ သစ်ပင်လဲ ကျ၍ လသားကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးမှု ဒေးဒရဲမြို့နယ်တွင်ဖြစ်ပွား

0
210

ဧရာဝတီတိုင်း၊ဒေးဒရဲမြို့နယ်တွင် အောက်တိုဘာ ၁၅ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လေပြင်းတိုက်ခတ်ချိန်၌ ဘုရားချောင်းကျေးရွာရှိ ဓနိမိုး၊ဓနိကာ၊ဝါးအိမ်ပေါ်သို့ သစ်ပင်ပြိုလဲကျခဲ့သဖြင့် နေအိမ်အတွင်းရှိ မိသားစုဝင် ၅ ဦးအနက် အသက်(၉)လအရွယ်ရှိ ကလေးငယ်၊မဇူးဇူးမောင်(၈)နှစ်နှင့်ဒေါ်တင်ဇာမော်(၃၂)နှစ်တို့မှာ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

သစ်ပင်ပြိုလဲကျခဲ့သဖြင့် နေအိမ်မှာလည်း ပျက် စီးသွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြပြီး သေဆုံးသူ ၃ ဦး၏ရုပ်အလောင်းများအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ကျန်ရစ်သူ ၂ ဦးအား နီးစပ်ရာဆွေမျိုးများထံ၌ နေထိုင်နိုင်ရန် တာဝန်ရှိသူများက စီစဥ်ဆောင်ရွက်ပေးကာ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here