SpaceX ရဲ့ Dragon အာကာသယာဉ် ကမ္ဘာပေါ်ပြန်ရောက်ပြီ

0
372

အာကာသယာဉ်မှူး ၄ ဦးပါဝင်လိုက်ပါသွားကြပြီး ဘီလျံနာအီလွန်မတ်စ်ရဲ့  SpaceX ကုမ္ပဏီက လွှတ်တင်ထားတဲ့ Dragon အာကာသယာဉ်ဟာ ကမ္ဘာပေါ်ကို အောင်မြင်စွာပြန်လည်ဆင်းသက်လာပြီဖြစ်ပါတယ်။

အဲဒီ အာကာသယာဉ်ကို Freedom လို့ နာမည်ပေးထားတဲ့ ဒုံးယာဉ်နဲ့ အာကာသထဲကို လွှတ်တင်ခဲ့တာဖြစ်ပြီး၊ အာကာသထဲမှာ ရှိနှင့်နေပြီသား နိုင်ငံတကာ အာကာသစခန်းနဲ့ ပထမဆုံးချိတ်ဆက်တဲ့ SpaceX နဲ့ NASA တို့ ပထမဆုံးပူးပေါင်းဆောင်ရွက်ကြတဲ့ မစ်ရှင်လဲဖြစ်ပါတယ်။ 

ဧပြီ ၂၇ ရက်နေ့က လွှတ်တင်ခဲ့တာဖြစ်တဲ့ အဲဒီအကာသယာဉ်ဟာ နိုင်ငံတကာ အာကာသစခန်းကနေ အောက်တိုဘာ ၁၄ ရက်နေ့က ခွဲခွာလာခဲ့ပြီးနောက် ကမ္ဘာပေါ်ကို အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။

အာကာသထဲမှာ ၅လခွဲလောက်နေခဲ့ရတာဟာ အတော်ကိုပျင်းစရာကောင်းတယ်လို့လဲ Dragon က အာကာသယာဉ်မှူးတွေက နောက်ပြောင်ပြီးပြောပါသေးတယ်။

Source: Space dot com


LEAVE A REPLY

Please enter your comment!
Please enter your name here