ကော်ဖီသောက်ပြီးနောက် သံဃာတော် ၁ ပါးအပါအဝင် ၅ ဦးသတိလစ်သွား၍ ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရမှု တာချီလိတ်တွင်ဖြစ်ပွား

0
675

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် အောက်တိုဘာ ၁၇ ရက်(ယနေ့)နံနက်ပိုင်းက ကော်ဖီသောက်ပြီးနောက် သံဃာတော် ၁ ပါးအပါအဝင် ၅ ဦး သတိ လစ်သွား၍ ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအ သင်းမှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က တာချီလိတ်မြို့၊ကျောက်တောင်ရပ်ရှိ  နတ်မောက်ရွှေသဌေးကုန်းဘုန်းတော်ကြီးကျောင်းတွင် ကော်ဖီများ သောက်သုံးမိ၍ ၅ ဦးမူးကာသတိလစ်လဲကျသွားခဲ့ကြကြောင်း သိရသည်။

ဆရာတော် ဥူးကေလာသ သက်တော်(၅၄)နှစ်၊ဦးပြုံးမောင်(၅၃)နှစ်၊ကိုနှင်းသန့်အောင်(၃၂)နှစ်၊ကိုရဲကိုမျိုး(၁၉)နှစ်နှင့်ကိုထိန်လင်းဦး(၂၇)နှစ်တို့ သတိ လစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအ သင်းမှ အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပြီးနောက် လူနာတင်ကားများဖြင့် တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ဆရာဝန်တွေက အဲဒီကော်ဖီကို ဓာတ်ခွဲခန်းမှာစစ်ကြည့်ဖို့ယူသွားတယ် နောက် ကော်ဖီဖျော်တဲ့ရေ နွေးကိုလည်း စစ်ကြည့်ဖို့ယူသွားပါတယ်”ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here