ယူဂန်ဒါနိုင်ငံတွင် အီဘိုလာ​ကြောင့်​သေဆုံးသူ ၁၉ဦးရှိလာသဖြင့်ခရိုင်နှစ်ခုကို ​လော့​ဒေါင်းချ

0
253

စက်တင်ဘာ ၂၀ ရက်က ရောဂါဖြစ်ပွားမှု စတင်ချိန်မှစ၍ သေဆုံးသူ ၁၉ ဦးနှင့် အတည်ပြုလူနာ ၅၈ ဦးရှိကြောင်း ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက စ​နေ​နေ့တွင်သတင်းထုတ်ပြန်ထားသည်။

ယူဂန်ဒါသမ္မတ Yoweri Museveni သည် အီဘိုလာရောဂါပျံ့နှံ့မှုကိုတားဆီးရန်အတွက် ခရိုင်နှစ်ခုတွင် ၃ ပတ်ကြာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး ​ရောဂါဖြစ်ရခြင်းဇစ်မြစ်ကိုရှာ​ဖွေသွားမည်ဟုသိရသည်။

ဝတ်ပြုရာနေရာများ၊ စျေးများ၊ ဘားများနှင့် ဖျော်ဖြေရေးများကို ပိတ်ထားမည်ဖြစ်ပြီး Mubende နှင့် Kassanda ၏ဗဟိုခရိုင်နှစ်ခုတွင် ၂၁ ရက်ကြာ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားသည်။

Source: aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here