မြန်မာ MoU အလုပ်သမား ၁၄၈ ဦး ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့်ထိုင်းနိုင်ငံသို့ထွက်ခွာ

0
282

မြန်မာ MoU အလုပ်သမား ၁၄၈ ဦးသည် အောက် တိုဘာ ၁၇ ရက်(ယနေ့)နံနက်ပိုင်းက ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံ၊ရနောင်းခရိုင်သို့ စက်လှေများဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန် မာအလုပ်သမားများစေလွှတ်ရေးလုပ်ငန်းစဉ် အ ရ မြန်မာ MoU အလုပ်သမား အမျိုးသား ၁၄၈ ဦးထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး(ထိုင်း)လိုင်စင်ရ အေဂျင်စီ Lovely World Services Co,Ltd မှ ထိုင်းနိုင်ငံရှိ Sino –Thai Engineering & Construction Public Co,Ltd သို့ အမျိုးသား ၁၀၀ ဦး နှင့် Champace Co,Ltd သို့ အမျိုးသား ၄၈ ဦး (စုစုပေါင်း ၁၄၈ ဦး)အား ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ MoU အလုပ်သမား ၁၄၈ ဦးအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန(ကော့သောင်းခရိုင်ရုံး)နှင့်တာဝန်ရှိသူ များကလိုအပ်သည့် စစ်ဆေးမှုများပြုလုပ်၍ စ နစ်တကျပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here