ကမ္ဘာ့အလေးချိန်အစီးဆုံး ရွှေဖရုံသီးကြီး

0
154

အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်၊ ရှားလော့မြို့က ယာသမားတစ်ဦးဖြစ်တဲ့ ဒဲရက်ရုသ်ဟပ်ဖ်ရဲ့ ခြံထွက် Butternut Squash အမျိုးအစား ရွှေဖရုံသီးကြီးတစ်လုံးဟာ အလေးချိန် ၁၀၄ ဒသမ ၅ ပေါင်(၄၇ ဒသမ ၄ ကီလိုဂရမ်ခန့်) အလေးချိန်စီးတာကြောင့် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်က ကမ္ဘာ့အလေးချိန်အစီးဆုံး ရွှေဖရုံသီးကြီးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ရက်နေ့မှာ ဒေသဆိုင်ရာ စိုက်ပျိုးရေးတာဝန်ရှိသူတွေက ချိန်တွယ်တိုင်းထွာပြီး အတည်ပြုပေးခဲ့တာပါ။ သာမန်ရွှေဖရုံသီး ၈ လုံးစာလောက်လေးတယ်လို့လဲဆိုပါတယ်။

အဲဒီ ရွှေဖရုံသီးကြီးဟာ ၇၂ ရက်သားပဲရှိပါသေးတယ်လို့ ဒဲရက်ကဆိုပါတယ်။

အရင်က စံချိန်တင်ထားတဲ့ ကမ္ဘာ့အလေးချိန်အစီးဆုံး Butternut Squash အမျိုးအစား ရွှေဖရုံသီးကတော့ အလေးချိန် ၅၅ ဒသမ ၅ ပေါင်(၂၅ ဒသမ ၁ ကီလိုဂရမ်ခန့်)သာရှိပြီး၊ ၂၀၂၀ ပြည့်နှစ်က စံချိန်တင်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source: Guinness World Records


LEAVE A REPLY

Please enter your comment!
Please enter your name here