Sunday, December 22, 2024

ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုကြောင့် လူ ၃၈...

ဆော်ပိုလို၊ဒီဇင်ဘာ ၂၁ ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုတစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းသိရပြီး အဆိုးရွားဆုံးယာဉ်မတော်တဆမှုတစ်ခုဖြစ်သည်ဟု သမ္မတကပြောကြားခဲ့သည်။ ယခုယာဉ်တို-က်မှုသည် ၂၀၀၇ နောက်ပိုင်း အဆိုးရွားဆုံးယာဉ်တို-က်မှုတစ်ခုဖြစ်သည်ဟုလည်းသိရပြီး ၃၈ ဦး‌ေ-သဆုံးကာ...

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်...

YPS ကတ် နှင့် Qr...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန်...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ...

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့...
HomeInternationalပြင်သစ်တွင်ဈေးနှုန်းများမြင့်တက်မှုကြောင့် လူပေါင်းထောင်ချီလမ်းပေါ်ထွက်ဆန္ဒပြ

ပြင်သစ်တွင်ဈေးနှုန်းများမြင့်တက်မှုကြောင့် လူပေါင်းထောင်ချီလမ်းပေါ်ထွက်ဆန္ဒပြ

ပါရီ၊အောက်တိုဘာ ၁၇

ယခုရက်သတ္တပတ်အတွင်း ပြင်သစ်ရေနံချက်စက်ရုံများတွင် လုပ်ခများတိုးမြှင့်ရရှိရေး သပိတ်မှောက်မှုများဖြစ်ပေါ်လာရာမှ အထွေထွေသပိတ်ကြီးပါဆင်နွှဲခဲ့ကြပြီး အောက်တိုဘာ ၁၆ ရက် တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။

လက်ဝဲပါတီ လာဖရွန့် အင်ဆူမီး (ဦးမညွှတ်သော ပြင်သစ်) ၏ခေါင်းဆောင် ယွန် –လု(ခ်) မယ်လင်ခွန် သည် ယခုနှစ်အတွက် စာပေနိုဘယ်လ်ဆုရှင် အင်နီ အာနို နှင့်အတူချီတက်ခဲ့ပြီး အင်္ဂါနေ့တွင် အထွေထွေသပိတ်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

မယ်လင်ခွန် သည် သမဂ္ဂလေးခု၏နောက်ကိုလိုက်၍ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော်လည်း လုပ်ခလစာတိုးပေးရေးအတွက် အင်္ဂါနေ့တွင်ဆန္ဒပြမှုများဖြင့် တောင်းဆိုမည့် ပြင်သစ်အလုပ်သမားဒီမိုကရက်တစ်အဖွဲ့ချုပ် CFDT နှင့်တော့ပူးပေါင်းမည်မဟုတ်ကြောင်းသိရှိရသည်။

အစိုးရက ရေနံချက်စက်ရုံအလုပ်သမားအချို့ကိုခေါ်ယူခိုင်းခဲ့သဖြင့်  အဆိုပါလုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကိုချိုးဖောက်သည်ဟု အလုပ်သမားသမဂ္ဂများကမြင်ကြပြီး သမဂ္ဂလေးခုကလည်း သပိတ်မှောက်ခွင့်ကိုအကာကွယ်ပေးရန် ကူညီပေးဖို့တောင်းဆိုထားသည်။

ပြင်သစ် utility EDF ၏နျူကလီးယားစက်ရုံများနှင့် ပြင်သစ်ရေနံချက်စက်ရုံများတွင်ပါ ဆက်လက်ဆန္ဒပြသွားမည်ဖြစ်သောကြောင့် ဘတ်ဂျက်ဝန်ကြီး ရက်ဘရီယယ် အက်တယ်လ် က လက်ဝဲညွန့်ပေါင်းအဖွဲ့သည် လက်ရှိအခြေအနေကို အမြတ်ထုတ်ရန်ကြိုးပမ်းနေသည်ဟုပြောကြားခဲ့သည်။

“ယနေ့ချီတက်ပွဲသည် နိုင်ငံကိုပိတ်ဆို့နှောင့်ယှက်လိုသော ထောက်ခံသူများ၏ချီတက်ပွဲသာဖြစ်သည်” ဟုလည်း ၎င်းက ပြင်သစ်အသံလွှင့်ဌာန Europe 1 တွင်ပြောကြားခဲ့သည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုကြောင့် လူ ၃၈ ဦး‌ေ-သဆုံး

ဆော်ပိုလို၊ဒီဇင်ဘာ ၂၁ ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုတစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းသိရပြီး အဆိုးရွားဆုံးယာဉ်မတော်တဆမှုတစ်ခုဖြစ်သည်ဟု သမ္မတကပြောကြားခဲ့သည်။ ယခုယာဉ်တို-က်မှုသည် ၂၀၀၇ နောက်ပိုင်း အဆိုးရွားဆုံးယာဉ်တို-က်မှုတစ်ခုဖြစ်သည်ဟုလည်းသိရပြီး ၃၈ ဦး‌ေ-သဆုံးကာ ၈ ဦးကိုဆေးရုံတင်ထားရသည်ဟုလည်းသိရသည်။ ကားသည်ဘီးကျွတ်ထွက်သွားပြီး ထိန်းချုပ်ရန်ခက်ခဲကာ ထရပ်ကားတစ်စီးကိုသွားဝင်တို-က်မိရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ကသွားရောက်မီးငြှိမ်းခဲ့ရသည်ဟုလည်းသိရသည်။ ‌ေ-သဆုံးသွားသူများထဲတွင် ဘက်စ်ကားယာဉ်မောင်းလည်းပါဝင်ပြီး အနည်းဆုံး ကလေးငယ်တစ်ဦးထက်မနည်းလည်းပါဝင်သည်ဟုသိရသည်။ဘရာဇီးသမ္မတကမူ ၎င်းအနေဖြင့် ယခုမတော်တဆမှုအတွက် စိတ်ထိခိုက်မိကြောင်းဆိုကာ ဒဏ်ရာရသူများလည်း အမြန်ပြန်လည်ကျန်းမာလာစေလိုကြောင်းဆိုခဲ့သည်။ Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် အဆိုပါ အဆင့်မြှင့် ငါးဈေးသစ်စီမံကိန်း တည်ဆောက်နေမှုကို ဒီဇင်ဘာ (၂၁)ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆိုမှုများ...

YPS ကတ် နှင့် Qr Code အသုံးပြုသူ သုံးသိန်းခွဲကျော်ရှိလာ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီး အသုံးပြုသူ တစ်သိန်းခွဲကျော်ရှိကြောင်း Asia Starmar Transport Intelligent မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် YPS ကတ်ကို စတင်ဖြန့်သည့်အချိန်မှ လက်ရှိအချိန်အထိ (၅၀) ရာခိုင်နှုန်း၊ (၆၀) ရာခိုင်နှုန်း ခန့်အထိ တိုးလာခြင်း ဖြစ်ကြောင်းလည်း သူကဆိုသည်။ လက်ရှိတွင် YPS ကတ်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071