ပြင်သစ်တွင်ဈေးနှုန်းများမြင့်တက်မှုကြောင့် လူပေါင်းထောင်ချီလမ်းပေါ်ထွက်ဆန္ဒပြ

0
252

ပါရီ၊အောက်တိုဘာ ၁၇

ယခုရက်သတ္တပတ်အတွင်း ပြင်သစ်ရေနံချက်စက်ရုံများတွင် လုပ်ခများတိုးမြှင့်ရရှိရေး သပိတ်မှောက်မှုများဖြစ်ပေါ်လာရာမှ အထွေထွေသပိတ်ကြီးပါဆင်နွှဲခဲ့ကြပြီး အောက်တိုဘာ ၁၆ ရက် တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။

လက်ဝဲပါတီ လာဖရွန့် အင်ဆူမီး (ဦးမညွှတ်သော ပြင်သစ်) ၏ခေါင်းဆောင် ယွန် –လု(ခ်) မယ်လင်ခွန် သည် ယခုနှစ်အတွက် စာပေနိုဘယ်လ်ဆုရှင် အင်နီ အာနို နှင့်အတူချီတက်ခဲ့ပြီး အင်္ဂါနေ့တွင် အထွေထွေသပိတ်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

မယ်လင်ခွန် သည် သမဂ္ဂလေးခု၏နောက်ကိုလိုက်၍ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော်လည်း လုပ်ခလစာတိုးပေးရေးအတွက် အင်္ဂါနေ့တွင်ဆန္ဒပြမှုများဖြင့် တောင်းဆိုမည့် ပြင်သစ်အလုပ်သမားဒီမိုကရက်တစ်အဖွဲ့ချုပ် CFDT နှင့်တော့ပူးပေါင်းမည်မဟုတ်ကြောင်းသိရှိရသည်။

အစိုးရက ရေနံချက်စက်ရုံအလုပ်သမားအချို့ကိုခေါ်ယူခိုင်းခဲ့သဖြင့်  အဆိုပါလုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကိုချိုးဖောက်သည်ဟု အလုပ်သမားသမဂ္ဂများကမြင်ကြပြီး သမဂ္ဂလေးခုကလည်း သပိတ်မှောက်ခွင့်ကိုအကာကွယ်ပေးရန် ကူညီပေးဖို့တောင်းဆိုထားသည်။

ပြင်သစ် utility EDF ၏နျူကလီးယားစက်ရုံများနှင့် ပြင်သစ်ရေနံချက်စက်ရုံများတွင်ပါ ဆက်လက်ဆန္ဒပြသွားမည်ဖြစ်သောကြောင့် ဘတ်ဂျက်ဝန်ကြီး ရက်ဘရီယယ် အက်တယ်လ် က လက်ဝဲညွန့်ပေါင်းအဖွဲ့သည် လက်ရှိအခြေအနေကို အမြတ်ထုတ်ရန်ကြိုးပမ်းနေသည်ဟုပြောကြားခဲ့သည်။

“ယနေ့ချီတက်ပွဲသည် နိုင်ငံကိုပိတ်ဆို့နှောင့်ယှက်လိုသော ထောက်ခံသူများ၏ချီတက်ပွဲသာဖြစ်သည်” ဟုလည်း ၎င်းက ပြင်သစ်အသံလွှင့်ဌာန Europe 1 တွင်ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here