အီရန်သမ္မတက အမေရိကန်သမ္မတအား အီရန်တွင် မငြိမ်မသက်ဖြစ်အောင်လှုံ့ဆော်ခြင်းအတွက် အပြစ်တင်ခဲ့

0
148

ဒူဘိုင်း၊အောက်တိုဘာ ၁၆

အီရန်နိုင်ငံ၌လွန်ခဲ့သည့်လေးပတ်ကလှုပ်ခတ်သွားခဲ့သော ဆန္ဒပြမှုများကြားတွင် သမ္မတအီဘရာဟမ်ရာအီစီသည် အမေရိကန်သမ္မတအား အီရန်တွင် မငြိမ်မသက်မှု၊အကြမ်းဖက်ခြင်းနှင့်ဖျက်ဆီးခြင်းတို့ကိုဖြစ်စေရန် လှုံ့ဆော်ခဲ့သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

“အခြားနိုင်ငံတစ်ခုတွင် မငြိမ်သက်မှု၊ထိတ်လန့်မှုနှင့်ဖျက်ဆီးမှုတို့ကို လှုံ့ဆော်ရန်မိန့်ခွန်းများမှတစ်ဆင့် ပြုလုပ်ခဲ့သူ အမေရိကန်သမ္မတအနေဖြင့် အမေရိကကိုစေတန်ကြီးဟုခေါ်သည့် အစ္စလာမ္မစ်သမ္မတနိုင်ငံ တည်ထောင်သူ၏ စကားများကိုသတိရသင့်သည်” ဟုလည်း မစ္စတာရာအီစီကပြောကြားခဲ့သည်။

“အီရန်အနေနဲ့သူတို့ရဲ့အခြေခံအခွင့်အရေးအတိုင်း ကျင့်သုံးနေထိုင်နေတဲ့ နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုတွေကိုအဆုံးသတ်ဖို့လိုအပ်ပါတယ်” ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က စနေနေ့ကပြောကြားခဲ့ခြင်းဖြစ်သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here