ရုရှားတို့၏ အသေခံဒရုန်းများ ကိဗ်မြို့ကို တိုက်ခိုက်

0
285

ရုရှားတို့၏ ကာမိကာဇေခေါ် အသေခံဒရုန်းလေယာဉ်အများအပြားသည် ကိဗ်မြို့ကို တိုက်ခိုက်လာနေကြကြောင်း ယူကရိန်းသမ္မတရုံးမှ တနေ့ အောက်တိုဘာ ၁၇ ရက်တွင်ပြောသည်။ စစ်ပွဲကာလ ၈ လတာအတွင်း ယခုအခါသည် အထူးပင်တိုက်ခိုက်မှုဖြစ်ကြောင်းကိုလည်း ယူကရိန်းသမ္မတရုံးကဆိုသည်။

ကိဗ်မြို့ရှိ AFP သတင်းထောက်တစ်ဦးကလည်း မြို့တော်၏ အလယ်ပိုင်းဒေသတွင် အဆိုပါဒရုန်းများပျံသန်းလာကြသည်ကိုတွေ့မြင်ခဲ့ရပြီး၊ ရဲတို့က အော်တိုမက်တစ်လက်နက်များဖြင့် ဒရုန်းများကိုပစ်ခတ်ကြသော်လည်း မြို့အနှံ့တွင် ပေါက်ကွဲမှုများကြောင်း မီးခိုးလုံးများပေါ်ထွက်လာကြသည်ကို မြင်တွေ့ရကြောင်းပြောသည်။

ရုရှားတို့က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အပြင်းအထန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံတစ်ဝန်းတွင် ရေနှင့် လျှပ်စစ်ဓာတ်များ ပြတ်တောက်သွားခဲ့သည်။

ယူကရိန်း၏ လေကြောင်းကာကွယ်ရေးစနစ်မှာလည်း ဒရုန်းများနှင့် ဒုံးကျည်များကို ပြန်လည်ကာကွယ်တုန့်ပြန်နိုင်ခြင်းမရှိတော့ချေ။

Source: AFP

ပုံစာ – ယနေ့ တနင်္လာနေ့နံနက်ပိုင်းက ကိဗ်မြို့ပေါ်သို့ ပျံသန်းလာကြသော ကာမိကာဇေ အသေခံဒရုန်းများအနက် တစ်စင်းကိုတွေ့ရစဉ်(Photo AFP)


LEAVE A REPLY

Please enter your comment!
Please enter your name here