တရုတ်၏ ပြိုင်ဆိုင်မှုမှ ကာကွယ်ရန် ဥရောပသမဂ္ဂက လျှပ်စစ်ကား ထုတ်လုပ်ရာတွင် ပံ့ပိုးရန် လိုအပ်နေ

0
179

ဥရောပသမဂ္ဂသည် ၎င်း၏ ကားထုတ်လုပ်သူများ၏ လျှပ်စစ်ကား (အီးဗွီ) ထုတ်လုပ်မှုကို မြှင့်တင်ရန်သော်လည်းကောင်း၊ တရုတ်ပြိုင်ဘက်များထံ ဈေးကွက်ရှယ်ယာ ဆုံးရှုံးနိုင်ခြေကို တားဆီးရန်သော်လည်းကောင်း ဆုပေး၊ ဒဏ်ပေး စည်းမျဉ်းများ ပိုမိုချမှတ်ရန် လိုအပ်ကြောင်း ရာသီဥတုဆိုင်ရာ အဖွဲ့ဖြစ်သည့် သယ်ယူပို့ဆောင်ရေးနှင့် ပတ်ဝန်းကျင် (တီအင်န်အီး) ၏ လေ့လာမှုအရ သိရသည်။

အောက်တိုဘာလ ၁၇ ရက် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော တီအင်န်အီး ၏ အစီရင်ခံစာတွင် အဆိုပါအဖွဲ့က ဥရောပအုပ်စုအတွင်း အီးဗွီ အရောင်းအဝယ် တိုးတက်မှုမှာ နွေးကွေးသွားခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် လျှပ်စစ်မော်တာသုံး လျှပ်စစ်ကားများ ရောင်းချမှုမှာ ၁၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်ဟု ဆိုသည်။

ထိုအချိန်အတောအတွင်း ဘီဝိုင်ဒီ နှင့် ဂရိတ်ဝေါမော်တော် အပါအဝင် တရုတ်ကားထုတ်လုပ်သူများသည် ဥရောပဒေသအတွင်း ခြေကုပ်ရယူရန် ကြိုးပမ်းလာပြီး မကြာသေးမီးက ၎င်းတို့၏ လျှပ်စစ်ကားများအတွက် ဘေးကင်းမှု အဆင့်သတ်မှတ်ရာတွင် ရလဒ်ကောင်းများ ရရှိခဲ့သည်။

တီအင်န်အီး က တရုတ်ထုတ် အီးဗွီများသည် ဥရောပတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း လျှပ်စစ်မော်တာသုံး လျှပ်စစ်ကား ရောင်းချရာ၌ ၅ ရာခိုင်နှုန်း နေရာယူထားပြီး ၂၀၂၅ ခုနှစ်တွင် ဈေးကွက်ရှယ်ယာ၏ ၁၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

တီအင်န်အီး က ဥရောပတွင် လျှပ်စစ်ကား ထုတ်လုပ်မှုကို ပိုမိုမြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂသည် ၂၀၂၅ ခုနှစ်မှစတင်၍ တားမြစ်ချက်ကို လိုက်နာခြင်း၊ မော်တော်ကားတွင် ဓာတုလောင်စာဆီအသုံးပြုမှု ကင်းလွတ်ခွင့်ကို ဆန့်ကျင်ခြင်းနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှု စံနှုန်းစနစ်ကို ဖယ်ရှားခြင်းများပြုလုပ်ကာ အီးဗွီ ထုတ်လုပ်မှုကို အရှိန်မြှင့်ရန်အတွက် ဥရောပသမဂ္ဂ၏ ရန်ပုံငွေများနှင့် အမျိုးသားမူဝါဒများကိုပါ အသုံးပြုသင့်ကြောင်း ပြောကြားထားသည်။

“ဥရောပ ကားထုတ်လုပ်သူတွေရဲ့ ထုတ်လုပ်နှုန်းကို  မြှင့်တင်ဖို့ ပျက်ကွက်တာဟာ ပြည်ပ ကားထုတ်လုပ်သူတွေက ဈေးသင့်တဲ့ ကားမော်ဒယ်တွေ ထုတ်လုပ်ပြီး ဥရောပရှိ ဈေးကွက်ရှယ်ယာ အများအပြားကို သိမ်းပိုက်လာနိုင်တဲ့အထိ အကျိုးသက်ရောက်နိုင်ပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။

ဥရောပသမဂ္ဂသည် ၎င်း၏ ကိုယ်ပိုင်ဈေးကွက်ကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်စွမ်းမရှိပါက မော်တော်ယာဉ်လုပ်ငန်းတွင် ၎င်း၏ စီးပွားရေး အချုပ်အခြာအာဏာကို ဆုံးရှုံးနိုင်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

Source:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here