၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲအား နိုဝင်ဘာ ၁၉ ရက်မှစတင်ကျင်းပမည်

0
281

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအ ဖွဲ့မှကြီးမှူး၍ ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲအား နိုဝင်ဘာ ၁၉ ရက်မှစတင်၍ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ချမ်းသာကြီးတန်ဆောင်း၌ ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအားကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ယခုနှစ်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ စာသင်တန်းများ၏ အာဂုံဖြေဆိုမှုကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ဖြေဆိုလိုသည့် သံဃာတော်များသည် ဝင်ခွင့်လျှောက်လွှာပုံစံများအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး၌ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကာ နိုဝင်ဘာ ၇ ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက် မေးပွဲ စာသင်တန်းနှင့်စာချတန်း ဖြေဆိုအောင် မြင်သည့် ရဟန်းသံဃာတော်များသည် ဓမ္မာစရိ ယဂန္ထဝါစကဘွဲ့ ရရှိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here