ဘားအံနှင့်မော်လမြိုင်မြို့တို့ရှိ တပ်မတော်ဆေးရုံတို့သို့ တပ်မ​တော်ကာကွယ်​​ရေးဦးစီးချုပ် သွား​ရောက်

0
364

နစက ဥက္ကဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တို ဘာ ၁၇ ရက်(ယနေ့)တွင် ကရင်ပြည်နယ်၊ဘားအံမြို့နှင့်မွန်ပြည်နယ်၊မော်လမြိုင်မြို့တို့ရှိ တပ်မ တော်ဆေးရုံတို့တွင် ဆေးကုသမှုခံယူနေသည့် တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ကျန်းမာ ရေးအခြေအနေများကို တစ်ဦးချင်းမေးမြန်း၍ အားပေးစကားပြောကြားခဲ့သည်။

ဆေးကုသမှုခံယူနေကြသည့် လုံခြုံရေးအဖွဲ့ဝင်များအား စားသောက်ဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကာ ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌသည် မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် ဆေး ကုသမှုခံယူလျက်ရှိသည့် လုံခြုံရေးအဖွဲ့ဝင်များအားတွေ့ဆုံကာ တစ်ဦးချင်းစီ၏ ကျန်းမာရေးတိုး တက်မှုအခြေအနေများကို မေးမြန်းပြီးအားပေးစကားပြော၍ စားသောက်ဖွယ်ရာပစ္စည်းများပေး အပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here