အားကစားနည်းမျိုးစုံအား အဆင့်မီစွာလေ့ကျင့်ယှဉ်ပြိုင်နိုင်ရန်  Sport Complex တစ်ခုကို ကရင်ပြည်နယ်တွင် ဖော်ဆောင်မည်

0
212

ကရင်ပြည်နယ်၊ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအ နေများအား အောက်တိုဘာ ၁၇ ရက်(ယနေ့)တွင် နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက်ကြည့်ရှုစစ်ဆေးစဥ် မှာ ကြားခဲ့ခြင်းဖြစ်သည်။

 အားကစားကွင်းရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်လူမှု ရေးဝန်ကြီးတို့က ဇွဲကပင်အားကစားကွင်းအား  အဆင့်မြှင့်တင်နိုင်ရန် ဆောင်ရွက်ခဲ့မှုနှင့်ပြီးစီးမှုအခြေအ နေများကို နစက ဥက္ကဋ္ဌအားရှင်းလင်းတင်ပြခဲ့ကြသည်။

အားကစားကွင်းသည် ပြည်နယ်အဆင့်နှင့်လျော် ညီရမည်ဖြစ်ပြီး နောင်တွင်တိုးတက်လာမည့် လူ ဦးရေတို့ကိုပါ ထည့်သွင်းတွက်ချက်၍ ဝင်ဆံ့မှုကို ရေရှည်မျှော်တွေးဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် အားကစားကွင်းအနီး၌ ပြည်နယ်အဆင့်နှင့်လျော်ညီသည့် မိုးလုံလေလုံအားကစားရုံအသစ်တစ်ခုဆောက်လုပ်ရေး၊ ဒိုင်ဗင်စင်ပါအဆင့်မီ ရေကူးကန်တည်ဆောက်ရေးတို့အား လျာထားတင်ပြရန် မှာကြားသည်။

“အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အားကစားနည်းမျိုးစုံကို အဆင့်မီလေ့ကျင့်ယှဉ်ပြိုင်နိုင်ဖို့ ပြည်နယ် Sport Complex တစ်ခုကို ဖော်ဆောင်ပေးဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် အားကစားကွင်းအ ဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here