မုံရွာ မန္တ‌လေးလမ်းတွင် ကားတစ်စီးမှဆိုင်ကယ်တစ်စီးအား တိုက်ပြေး အမျိုးသား (၂)ဦးသေဆုံး

0
293

မုံရွာ မန္တ‌လေးလမ်းတွင် ကားတစ်စီးမှဆိုင်ကယ်တစ်စီးအား တိုက်ပြီးထွက်ပြေးမှု ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့ပြီး အမျိုးသား (၂)ဦးသေဆုံးသွားကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့နယ်ရုံးထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၁၈ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာ မန္တလေးလမ်း မြေနဲကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” တိုက်သွားတဲ့ ကားအမျိုးအစားက အနက်ရောင် 2 Door လို့ပဲ သိထားပါတယ်၊ မိသားစုနဲ့အဆက်အသွယ်ရပါပြီ ” ဟု မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ မုံရွာမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက် ၆၀ နှင့် ၄၀ အရွယ်အမျိုးသား ၂ ဦး သေဆုံးသွားပြီး မုံရွာမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here