FDA Myanmar က သွင်းကုန်ကျန်းမာရေးထောက်ခံချက်(IHC)လျှောက်ထားမှုအား E-Submission စနစ်ဖြင့် နိုဝင်ဘာပထမပတ်မှစ၍ စီစစ်လက်ခံပေးသွားမည်

0
381

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေးဦးစီးဌာန(FDA Myanmar)မှ အောက်တိုဘာ ၁၇ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

FDA Myanmar ၏အသိပေးထုတ်ပြန်ချက်အရ အစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေးဦးစီးဌာန၏ အစားအသောက်ဌာနခွဲတွင် MACCS စနစ်မှတဆင့် သွင်းကုန်ကျန်းမာရေးထောက်ခံချက် (IHC)လျှောက်ထားမှုကို manual စနစ်ဖြင့် လက်ခံစိစစ်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခဲ့ရာမှ လာမည့် နိုဝင်ဘာ ပထမပတ်မှစတင်ကာ IHC လျှောက်ထားမှုအား E-Submission စနစ်ဖြင့်စီစစ်လက်ခံပေးသွားမည်ဟု အသိပေးကြေညာခဲ့သည်။

FDA Myanmar သည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်အ စားအသောက်များအား အများပြည်သူစားသုံးနိုင်ရန် စဥ်ဆက်မပြတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here